Sun. Nov 28th, 2021

Zawgyi






MM Load

Unicode

ဟာသလူရွှင်တော်မျောက်ရှုံးကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတိကားတွေမှာလည်း ကျရာနေရာကနေ သရုပ်ဆောင်နေလို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ မျောက်ရှုံးကတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင်ပြုလုပ်လေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။

. ဟာသပြက်လုံးတွေများစွာနဲ့ ကြည်ရူသူတွေကို ပျော်ရွှင်အောင်ပြုလုပ်လေ့ရှိပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ မျောက်ရှုံးကတော့ ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မျောက်ရှုံးကတော့ ယခုမှာတစ်ယောက်တည်းသာကျန်ရှိတော့တဲ့အသက်၇၅နှစ်အရွယ်မိခင်ကြီးကို ပြုစုစောင့်ရှောက်ရင်း ယနေ့အချိန်ထိချစ်ကြောက်ရိုသေနေဆဲဖြစ်တဲ့ အကြောင်းပြောပြလာခဲ့ပါတယ်။ မျောက်ရှုံးကတော့ ”

ကျွန်တော်ဘဝရဲ့တန်ဖိုးကြီးမားလွန်းတဲ့မိခင်ကြီး အသက် 75 နှစ် တစ်ဦးထဲကျန်ပါတော့တယ် ဒီအချိန်ထိကြောက်နေရတုန်းဘဲ စိတ်မထင်ရင်ရိုက်သေးတယ် ကျွန်တော်ကိုယ်စားအနီးကပ်စောင့်ရှောက်ပေးနေတဲ့ညီနဲ့ညီမ ဖတ်ထားတဲ့သူကတော့ ဈေးသယ်အေးကြွယ်ပေါ့ခင်ဗျာ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မျောက်ရှုံးတို့မိသားစုလေးရဲ့ ပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Ko Myout Shone ‘ s Facebook Acc

MM Load