Zawgyi
Unicode
ကိုဗစ် ကာကွယ်ဖို့အတွက် KN95 Mask တွေကို ဘာကြောင့် မတပ်သင့်သလဲ၊ မသုံးသင့်သလဲ KN95 ကိုဘာလို့ မတပ်တာလဲဆိုရင် ဘရန်းအမျိုးမျိုးနဲ့လာပြီး
အရည်အသွေးအမျိုးမျိုးဖြစ်နေလို့ပါ။ အရေးအကြီးဆုံးအချက်က မျက်နှာနဲ့ Fitting ကျပြီး လုံခြုံမှုအပြည့်အဝပေးနိုင်ခြင်း မရှိလို့ပါ။ KN95 Mask ရဲ့အခွက်က ပုံသေပါ။
အဲ့ဒါကြောင့် လူတိုင်းကို လုံခြုံမှုမပေးနိုင်ပါဘူး။ လေယာဉ်ပေါ်က ညီမတစ်ယောက် တစ်ချိန်လုံး Mask ကိုလက်နဲ့ကိုင်ပြီး ပြန်ပြန်ဆွဲတင်နေတာတွေ့ရတော့ စပ်စုပြီး
ကြည့်လိုက်မိပါတယ်။ သူမျက်နှာစောင်းပြီးငိုက်လိုက်တာနဲ့ KN95 Mask က မသိမသာလေး လျောလျောကျလာပါတယ်။ ပုံမှာကြည့်ပါ။ နှာခေါင်းနေရာကို သူကျ
နော့်ရှေ့မှာ ပဲဖိလိုက်ပေမယ့် မျက်နှာခွက်သေးတော့ မျက်နှာစောင်းလှုပ်ရှားလိုက်ရင် နှာခေါင်းနေရာက လွတ်လွတ်သွားတာကို တွေ့ရပါတယ်။ ဒါကိုသူလည်းသိ
လို့ ပြန်ပြန်ဆွဲတင်ပြီး ခဏခဏဖိနေတာပါ။ 3M VFlex မှာကျတော့ ဆွဲတင်စရာမလိုအောင် သူကဆွဲတင်းထားတာပါ။ ပုံမှာကြည့်ပါ။ အပေါ်၊ ဘေးနှစ်ဖက်နဲ့ အောက်
ဖက်ပါလုံပါတယ်။ နောက်တစ်ခုက KN95 ကိုတပ်ပြီး လမ်းမြန်မြန်လျှောက်၊ လှေခါးတပ်ကြည့်ပါ။ Mask က ဖားဗိုက်လို ဖောင်းလိုက်ပိန်လိုက်ဖြစ်လာပါတယ်။ 3M
V F l e x မှာ အဲ့လိုမဖြစ်ပဲ သက်တောင့်သက်သာရှိပါတယ်။ ​ကျနော်စင်ကာပူပြန်မယ့် ညက ကျနော့်တူက KN95 တပ်ထားတာတွေ့တော့ ကျနော်က အသစ်တစ်
ခုယူကြည့်ပါတယ်။ ပြဿနာက အပေါက်ကလေးတွေ factory defect တွေပါနေတာတွေ့ရပါတယ်။ Mask မှာ အဲ့လိုအပေါက်တွေပါရင် လုံးဝလုံခြုံမှုမရှိတော့ပါဘူး။ KN95
မှကြိုက်ရင် 3 M K N 9 5 အစစ်ကိုပဲ ရအောင်ရှာဝယ်ပြီးသုံးပါ။
Richard Myo Thant (28-12-2020)