Zawgyi








Unicode

အလှတရားတွေနဲ့ ငေးမောစရာကောင်းလောက်အောင် အထာကျကျ ပို့စ်ပေးနေတဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာနယ်ပယ်မှာ ဆယ်စုနီးပါးလျှောက်လှမ်းလာခဲ့ပြီး အောင်မြင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ်

သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သင်ဇင်ဝင့်ကျော်က အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။

သင်ဇာဝင့်ကျော် ကတော့ အချိုးအစားပြေပြစ်တဲ့ လုံးကြီးပေါက်လှ ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့အပြင် တမူထူးခြားတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို ဆွဲဆောင်မှုရှိတဲ့ အမိုက်စားပုံလေးတွေကို

ချစ်ပရိသတ်တွေအတွက် အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာလည်း ပရိသတ်အတွက် သင်ဇာဝင့်ကျော်က ညနေခင်းလေးမှာ စိတ်အပန်းဖြေရင်း ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲမှာတော့ သင်ဇာဝင့်ကျော်က လွတ်လပ်ပေါ့ပါးတဲ့

ဝတ်စုံလေး ဝတ်ဆင်ထားပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ဆွဲဆောင်မှုရှိရှိ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် အချိုးအစားပြေပြစ်တဲ့အမိုက်စားကိုယ်လုံးလေးကလည်း အထင်းသားပေါ်လွင်နေကာ ရင်ခုန်စရာကောင်းလောက်ပါတယ်။

ကဲ…ပရိသတ်ကြီးရေ အမိုက်စားပို့စ်တွေပေးပြီး အသည်းယားစရာကောင်းအောင် ဓာတ်ဖမ်းထားတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။