Zawgyi




Unicode

အဘလို့စနောက်ကာ ခေါ်လိုက်တဲ့ ပရိတ်သတ်တစ်ယောက်ကို ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တဲ့ အစီအစဉ်တင်ဆက်သူ ဇင်အောင် ချစ်လှစွာသော ပရိသတ်ကြီးရေ MRTV-4 ကအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဇင်အောင်ကတော့ Let’s talk အစီစဉ်နဲ့ The Model Academy အစီစဉ်တို့နဲ့ လူသိများတဲ့ သူတစ်ယောက်ပါ။ ဇင်အောင်က သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ခံစားချက်စာသားလေးတွေကို လူမှုကွန်ရက်စာမျက်နှာ ပေါ်ကနေတဆင့်

ပရိသတ်တွေကို အမြဲလိုလိုမျှဝေပေးနေတဲ့သူတစ်ယောက်ပါ။ လတ်တလောမှာတော့ သူ့ရဲ့ပို့စ်အောက်မှာ လာရောက်စနောက်လိုက်တဲ့ ပရိသတ် တစ်ယောက်ကို အခုလို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ် ။ အဘ လို့ ခေါ်ပြီး စနောက်လိုက်တဲ့ ပရိသတ်ကို ဒီဘဝ ချို့တဲ့ပြီး လူရာမဝင် တာတောင် မမှတ်သေး ငါ့အသက်ရွယ်သူတို့မရောက်ဘူး သေချင်းဆိုး နဲ့သေမှာလေ ဆိုတဲ့ စာသားနဲ့ အတူ Screenshot တွေကို

လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ်.. ။ သူ့အား အဘလို့လာခေါ်တဲ့ ပရိသတ်ကိုလည်း ငါ့ခြေဖဝါးတောင်နင့်မျက်နှာလို ပါးရေမတွန့်ဘူး လို့ ပြင်းပြင်း ထန်ထန်တုံ့ပြန်ခဲ့ပါသေးတယ် ။ တချို့ပရိသတ်တွေကတော့ ဒါလေးပြောတာ ဘာများနစ်နာသွားလို့လဲ ဆိုတဲ့ မှတ်ချက်တွေနဲ့ ဇင်အောင် ကို ဝေဖန်လျက်ရှိပါတယ်.. ။