Zawgyi

ျမန္မာ့လူဦးေရ (၂၀) ရာခိုင္ႏႈန္းအတြက္ ကိုဗစ္ကာကြယ္ေဆး အခမဲ့ရရွိမည္ျမန္မာ့လူဦးေရ (၂၀) ရာခိုင္ႏႈန္းအတြက္ ကိုဗစ္ကာကြယ္ေဆးအခမဲ့ရရွိမွာျဖစ္ၿပီး ေနာက္ထပ္ လူဦးေရ (၂၀) ရာခိုင္ႏႈန္းျဖစ္တဲ့ (၁၀.၈သန္း) အတြက္ ကိုဗစ္ကာကြယ္ေဆး ထပ္မံဝယ္ယူသြားမွာျဖစ္တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ၊ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။…

ကမာၻ႔က်န္းမာေရးအဖြဲ႕နဲ႔ GARVI (ဂါဗီ) အဖြဲ႕အစည္းတို႔ပူးေပါင္းထားတဲ့ COVAX (ကိုဗက္စ္) အဖြဲ႕ဝင္ႏိုင္ငံေတြမွာ ျမန္မာႏိုင္ငံပါဝင္တဲ့အတြက္ အခုလို ကာကြယ္ေဆးအခမဲ့ရရွိမွာျဖစ္ၿပီး (၃)ရာခိုင္ႏႈန္းက (၂၀၂၁) ဒုတိယသုံးလပတ္နဲ႔က်န္တဲ့ (၁၇) ရာခိုင္ႏႈန္းးက (၂၀၂၁) တတိယသုံးလပတ္မွာ ရရွိမွာျဖစ္ပါတယ္။…. ဒါ့အျပင္ GARVI (ဂါဗီ) အဖြဲ႕အစည္းရဲ႕ အကူအညီနဲ႔ ေနာက္ထပ္လူဦးေရ ၂၀ ရာခိုင္ႏႈန္းျဖစ္တဲ့

(၁၀.၈) သန္းအတြက္ကာကြယ္ေဆးေတြထပ္မံဝယ္ယူဖို႔ တင္ထားၿပီးျဖစ္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။ကာကြယ္ေဆးတစ္လုံးကို (၅) ေဒၚလာက်မယ္ဆိုရင္ (၅) ေဒၚလာ သသယ္ယူစရိတ္ကေဒၚလာတစ္ဝက္ဆိုရင္ (၅.၅) ေဒၚလာနဲ႔ လူဦးေရ (၁၀.၈)သန္းအတြက္ (လူဦးေရ ၂၀ ရာခိုင္ႏႈန္း) ေနာက္ထပ္မွာယူဖို႔ ဒါကိုတင္ထားၿပီးလည္းျဖစ္ပါတယ္။ ကာကြယ္ေဆးေပၚလာၿပီဆိုရင္ ကာကြယ္ေဆးရဲ႕ ေ

ဘးကင္းလုံၿခဳံမႈ စိတ္ခ်ရမႈဆိုတာက ရွိပါတယ္…။ ဒါ့ေၾကာင့္မို႔လို႔ အခုဆိုရင္ ကာကြယ္ေဆးတစ္ခုစီအလိုက္ ကာကြယ္ေဆးထိုးၿပီးရင္ ဘယ္ေလာက္ထိစိတ္ခ်ရသလဲ။ ဘယ္လိုေနာက္ဆက္တြဲေရာဂါေတြ လကၡာဏာေတြရွိလဲဆိုတာကို အၿမဲမျပတ္ေစာင့္ၾကည့္ၿပီး ေလ့လာေနပါတယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္…။ ျမန္မာႏိုင္ငံအေနနဲ႔ COVAX (ကိုဗက္စ္) အဖြဲ႕နဲ႔ GARVI (ဂါဗီ) အဖြဲ႕အစည္းတို႔က ေ

႐ြးခ်ယ္ေပးတဲ့ ကာကြယ္ေဆးေတြကို ဦးစြာရရွိမွာျဖစ္ၿပီး အေမရိကန္၊ ႐ုရွား၊ ယူေက၊ အိႏၵိယ၊ တ႐ုတ္အစရွိတဲ့ႏိုင္ငံေတြနဲ႔ သံတမန္ခ်င္းခ်ိတ္ဆက္ၿပီး ကာကြယ္ေဆးရရွိဖို႔လည္း ေဆာင္႐ြက္ေနပါတယ္။ကာကြယ္ေဆးရရွိလာရင္ ပုဂၢလိကေဆး႐ုံနဲ႔ ေဆးစစ္ဌာနေတြကိုလည္း ကာကြယ္ေဆးထိုးခြင့္ေပးမွာျဖစ္တဲ့အတြက္ ကာကြယ္ေဆးဝယ္ယူခြင့္၊ ထိုးႏွံခြင့္ေတြေပးႏိုင္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

Unicode

မြန်မာ့လူဦးရေ (၂၀) ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေး အခမဲ့ရရှိမည်မြန်မာ့လူဦးရေ (၂၀) ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး နောက်ထပ် လူဦးရေ (၂၀) ရာခိုင်နှုန်းဖြစ်တဲ့ (၁၀.၈သန်း) အတွက် ကိုဗစ်ကာကွယ်ဆေး ထပ်မံဝယ်ယူသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ GARVI (ဂါဗီ) အဖွဲ့အစည်းတို့ပူးပေါင်းထားတဲ့ COVAX (ကိုဗက်စ်) အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်တဲ့အတွက် အခုလို ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး (၃)ရာခိုင်နှုန်းက (၂၀၂၁) ဒုတိယသုံးလပတ်နဲ့ကျန်တဲ့ (၁၇) ရာခိုင်နှုန်းးက (၂၀၂၁) တတိယသုံးလပတ်မှာ ရရှိမှာဖြစ်ပါတယ်။…. ဒါ့အပြင် GARVI (ဂါဗီ) အဖွဲ့အစည်းရဲ့ အကူအညီနဲ့ နောက်ထပ်လူဦးရေ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့

(၁၀.၈) သန်းအတွက်ကာကွယ်ဆေးတွေထပ်မံဝယ်ယူဖို့ တင်ထားပြီးဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ကာကွယ်ဆေးတစ်လုံးကို (၅) ဒေါ်လာကျမယ်ဆိုရင် (၅) ဒေါ်လာ သသယ်ယူစရိတ်ကဒေါ်လာတစ်ဝက်ဆိုရင် (၅.၅) ဒေါ်လာနဲ့ လူဦးရေ (၁၀.၈)သန်းအတွက် (လူဦးရေ ၂၀ ရာခိုင်နှုန်း) နောက်ထပ်မှာယူဖို့ ဒါကိုတင်ထားပြီးလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးပေါ်လာပြီဆိုရင် ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု စိတ်ချရမှုဆိုတာက ရှိပါတယ်…။

ဒါ့ကြောင့်မို့လို့ အခုဆိုရင် ကာကွယ်ဆေးတစ်ခုစီအလိုက် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက်ထိစိတ်ချရသလဲ။ ဘယ်လိုနောက်ဆက်တွဲရောဂါတွေ လက္ခာဏာတွေရှိလဲဆိုတာကို အမြဲမပြတ်စောင့်ကြည့်ပြီး လေ့လာနေပါတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်…။ မြန်မာနိုင်ငံအနေနဲ့ COVAX (ကိုဗက်စ်) အဖွဲ့နဲ့ GARVI (ဂါဗီ) အဖွဲ့အစည်းတို့က ရွေးချယ်ပေးတဲ့ ကာကွယ်ဆေးတွေကို ဦးစွာရရှိမှာဖြစ်ပြီး

အမေရိကန်၊ ရုရှား၊ ယူကေ၊ အိန္ဒိယ၊ တရုတ်အစရှိတဲ့နိုင်ငံတွေနဲ့ သံတမန်ချင်းချိတ်ဆက်ပြီး ကာကွယ်ဆေးရရှိဖို့လည်း ဆောင်ရွက်နေပါတယ်။ကာကွယ်ဆေးရရှိလာရင် ပုဂ္ဂလိကဆေးရုံနဲ့ ဆေးစစ်ဌာနတွေကိုလည်း ကာကွယ်ဆေးထိုးခွင့်ပေးမှာဖြစ်တဲ့အတွက် ကာကွယ်ဆေးဝယ်ယူခွင့်၊ ထိုးနှံခွင့်တွေပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။