Zawgyi

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္အပါအဝင္ သာေကတႏွင့္ ေဒါပုံၿမိဳ႕နယ္တို႔ကို ေရျဖန႔္ေဝေပးႏိုင္မည့္ လဂြန္းျပင္ေရေပးေဝေရးစီမံကိန္းေဆာင္႐ြက္မႈေနသည္ ၇၈ ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သိရပါတယ္။ လဂြန္းျပင္ေရေပးေဝေရးစီမံကိန္းကို ၂၀၂၂ခုႏွစ္ မတ္လတြင္ အားလုံးၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္ေနျ

ခင္းျဖစ္ၿပီး ေန႔စဥ္ေရဂါလန္ သန္း ၄၀ ျဖန႔္ေဝေပးႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါစီမံကိန္းတြင္ပါဝင္ေသာ ေရသန႔္စင္စက္႐ုံတည္ေဆာက္ျခင္းကို YCDC မွ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး စမ္းသပ္လည္ပတ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ စီမံကိန္းလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္ JICA မွ ေခ်းေငြပမာဏ ဂ်ပန္ယန္း ၂၃ ဒသမ ၆၈၃ ဘီလီယံ ေခ်းယူထားၿပီး အတိုးႏႈန္း သုည ဒသမ ၀၁

ရာခိုင္ႏႈန္းျဖင့္ ျပန္ဆပ္ကာလ ႏွစ္ေပါင္း ၄၀ ျဖစ္ေၾကာင္း သိရပါတယ္။ လဂြန္းျပင္ေရေပးေဝေရးစီမံကိန္း၏ ေရေပးေဝေရးလ်ာထားခ်က္အရ ေရေပးေဝေရးဇုန္-၇ ျဖစ္သည့္ ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းသို႔ ေန႔စဥ္ေရဂါလန္ ၁၃ သန္း၊ ေရေပးေဝေရးဇုန္-၈ ျဖစ္ေသာ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းႏွင့္ ဆိပ္ကမ္း သို႔ ေန႔စဥ္ေရဂါလန္ ၁၄သန္း၊ ေရေပးေဝေရးဇုန္-၂

တြင္ပါဝင္ေသာ သာေကတႏွင့္ ေဒါပုံသို႔ ေန႔စဥ္ေရဂါလန္ ၃သန္းႏွင့္ သီလဝါအထူးစီးပြားေရးဇုန္သို႔ ေရဂါလန္ ၁၀ သန္း အသီးသီးေပးေဝသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

myanmaplatform

Unicode

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် သာကေတနှင့် ဒေါပုံမြို့နယ်တို့ကို ရေဖြန့်ဝေပေးနိုင်မည့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းဆောင်ရွက်မှုနေသည် ၇၈ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို ၂၀၂၂ခုနှစ် မတ်လတွင် အားလုံးပြီးစီးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး နေ့စဉ်ရေဂါလန် သန်း ၄၀ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းတွင်ပါဝင်သော ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းကို YCDC မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း သိရပါတယ်။ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် JICA မှ ချေးငွေပမာဏ ဂျပန်ယန်း ၂၃ ဒသမ ၆၈၃ ဘီလီယံ ချေးယူထားပြီး အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ပြန်ဆပ်ကာလ နှစ်ပေါင်း ၄၀ ဖြစ်ကြောင်း သိရပါတယ်။ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း၏ ရေပေးဝေရေးလျာထားချက်အရ ရေပေးဝေရေးဇုန်-၇ ဖြစ်သည့်

ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းသို့ နေ့စဉ်ရေဂါလန် ၁၃ သန်း၊ ရေပေးဝေရေးဇုန်-၈ ဖြစ်သော ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဆိပ်ကမ်း သို့ နေ့စဉ်ရေဂါလန် ၁၄သန်း၊ ရေပေးဝေရေးဇုန်-၂ တွင်ပါဝင်သော သာကေတနှင့် ဒေါပုံသို့ နေ့စဉ်ရေဂါလန် ၃သန်းနှင့် သီလဝါအထူးစီးပွားရေးဇုန်သို့ ရေဂါလန် ၁၀ သန်း အသီးသီးပေးဝေသွားမည်ဖြစ်ကြောင်း သိရပါတယ်။

myanmaplatform