Zawgyi


1. E coli


2. Staphylococcus


3. Norovirus


4. Streptococcus


5. Shigella Bacteria




Crd; Myanmarload

Unicode

အိမ်သာဆိုတာဟာ သန့်သန့်ရှင်းရှင်းထားဖို့လိုအပ်သလို သန့်ရှင်းနေတိုင်းလည်း ရောဂါပိုးတွေ ကင်းစင်နေတဲ့နေရာမဟုတ်ပါဘူး။ အိမ်သာကနေ ကူးစက်ရောဂါပိုးတွေများစွာ ကူးစက်နိုင်ပြီး ဘယ်လိုရောဂါတွေ ဖြစ်နိုင်သလဲဆိုတာ သိထားဖို့လိုပါတယ်။ဒါ့ကြေင့် ပရိသတ်တွေအတွက် အိမ်သာမှာ ကပ်နေတတ်တဲ့ ရောဂါပိုးတွေကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါလေးတွေကို ဖော်ပြပေးချင်ပါတယ်။

1. E coli

ဒီရောဂါဟာ အိမ်သာမှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေထဲမှမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး အိမ်သာထိုင်ခုံတွေကမှတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒီရောဂါပိုးက အူထဲကိုဝင်ရောက်ပြီး အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

2. Staphylococcus

ဒီရောဂါပိုးကလည်း E coli လိုပဲ အိမ်သာထိုင်ခုံတွေကတဆင့်ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးက ခန္ဓာကိုယ်ထဲမှာ 2 လလောက်အထိရှင်သန်နေနိုင်ပြီး ကူးစက်ခံရသူမှာ အနာတွေဖြစ်စေပါတယ်။ Staph ကအစပိုင်းမှာတော့ ကြောက်ဖို့မကောင်းပေမယ့် မကုသဘဲကြာလာရင် အဆုတ်ရောင်ခြင်းကဲ့သို့သော ပိုပြီးပြင်းထန်တဲ့ရောဂါတွေဖြစ်စေပါတယ်။

3. Norovirus

ဒီဗိုင်းရပ်စ်ပိုးကလည်း Ecoli နဲ့လုံးဝနီးပါးတူပါတယ်။ မတူတဲ့အချက်ကတော့ ရေဆေးရုံနဲ့ ဒီပိုးကို မဖယ်ရှားနိုင်ပါဘူး။ ဒီပိုးကိုလည်း အိမ်သာထိုင်ခုံဝန်းကျင်မှာတွေ့ရတတ်ပြီးတော့ ကူးစက်ခံရသူမှာ ရုတ်တရက် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းများဖြစ်စေနိုင်ပါတယ်။

4. Streptococcus

ကူးစက်ခံရပြီဆိုရင် ဒီဘက်တီးရီးယားပိုးကို လည်ချောင်းထဲမှာအတန်းလိုက် တွေ့နိုင်ပါတယ်။ ဒီရောဂါပိုးဟာ အိမ်သာထိုင်ခုံတွေကတစ်ဆင့်ကူးစက်နိုင်ပြီး အရေပြားပေါ်တွင် အကွက်များထခြင်း၊ လည်ချောင်းနာခြင်း၊ လည်ချောင်းရောင်ခြင်း၊ ဖျားခြင်း၊ မောပန်းခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရစေပါတယ်။

5. Shigella Bacteria

ဒီရောဂါဟာ ရောဂါပိုးရှိနေနိုင်တဲ့ မျက်နှာပြင်တွေဖြစ်ကြတဲ့ တံခါးလက်ကိုင်ဖု၊ လက်ကိုင်၊ အိမ်သာထိုင်ခုံတွေကို ထိတွေ့မိရာကနေ ကူးက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ရေတွေကို သုံးခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေ ကတော့ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း တို့ဖြစ်ကြပါတယ်။

6. Influenza (Flu) တုပ်ကွေး

ဒီရောဂါဟာ ညစ်ပတ်နေတဲ့အိမ်သာမျက်နှာပြင်တွေကတဆင့် ကူးစက်တတ်ပြီး လည်ပင်းတွေ၊ အဆုတ်တွေကို ထိခိုက်စေပါတယ်။ ဒီရောဂါပိုးကူးစက်ခံရပြီဆိုရင်တော့ အအေးမိခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း စတဲ့ရောဂါလက္ခဏာတွေကို ခံစားရစေပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေအနေနဲ့ အများသုံးအိမ်သာတွေကို အသုံးပြုတဲ့အခါမှာ ဒီရောဂါပိုးတွေ ကူးစက်ခံရခြင်း မရှိအောင် ဂရုတစိုက်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Crd; Myanmarload