မထက်ရဲ့ Liveမှာမေးခွန်းလေးတွေဖြေကာ ၀င်ရောက်ကံစမ်းရင်း မဲပေါက်ခဲ့တာကြောင့်အပျော်ကြီးပျော်နေတဲ့ အိတုန်
Zawgyi
Unicode
ပရိသတ်ကြီးရေ…..ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ အိအိတုန်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည် အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အိအိတုန်ဟာ အနုပညာလှုပ်ရှားမှုနည်းသွားပေမယ့် ပရိသတ်တွေကသူမကိုရော သူမရဲ့မိသားစုလေးကိုပါ
အချစ်မလျော့ပဲဆက်လက်အားပေးနေကြတာပါ….။ အခုဆိုရင်လည်း အိတုန်ဟာ ကြည်နူးချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေးတစ်ယောက်အပြင် ဒုတိယမြောက်သမီးငယ်လေးကိုပါ မကြာခင်ရက်ပိုင်းအတွင်းကမွေးဖွားခဲ့တာဖြစ်ပြီး သမီးချောလေးတွေပဲဖြစ်ပါတယ်နော်။ အိတုန်ဟာပျော်ပျော်နေတတ်ပြီး ပွင့်လင်းတာကြောင့်အနုပညာရှင်အချင်းချင်းကလည်း ချစ်ခင်ကြတာပဲဖြစ်ပါတယ်။
အိတုန်ဟာ မကြာသေးမီကလည်း ထက်ထက်မိုးဦးရဲ့ Liveလေးမှာမေးခွန်းလေးတွေဖြေကာ ၀င်ရောက်ကံစမ်းရင်းမဲပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို အိတုန်ဟာသူမရဲ့ Facebookစာမျက်နှာမှာ “ချစ်မမထက်Liveမှာပေါက်တယ်ပေါက်တယ်ပျော်တာဆိုတာ အခုလိုဝင်ကံစမ်းရတာကိုကပျော်စရာချစ်မကျန်းမာချမ်းသာပါစေ…..” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။