Zawgyi

ဂုဏ္ျပဳထိုက္တဲ့ ပန္းေရာင္ဆရာမေလး

ပိုးကူးစက္ခံရသျဖင့္ မိခင္ျဖစ္သူႏွင့္အတူ ပဲခူး (ကလိ) ေဆး႐ုံကိုဗစ္ကုသေဆာင္တြင္အတည္ျပဳလူနာအျဖင့္ေဆးကုသမႈခံယူေနရာမွ Volunteer အျဖင့္ယင္းေဆး႐ုံတြင္ အသက္ႀကီးသူမ်ားအားျပဳစုေပးေနသူ အိမိုးေထြး အား We Love Bago Founder ဦးတင္စိုးမွ ဂုဏ္ျပဳေငြ ၁၀ သိန္းက်ပ္ကို ယေန႔ (၁၉.၁၂.၂၀၂၀) မွာ ဂုဏ္ျပဳေပးအပ္သည္။ ဇိုင္းဂႏိုင္ႀကီးေက်း႐ြာေန မအိမိုးေထြးသည္

လြန္ခဲ့သည့္တစ္လအၾကာက ပိုးကူးစက္ခံရၿပီး မိခင္ႏွင့္ကလိေဆး႐ုံတြင္ေဆးကုသမႈခံယူေနရာမွ မိခင္ျဖစ္သူယင္းေဆး႐ုံတြင္ကိုဗစ္ေရာဂါျဖစ္ကြယ္လြန္သြားခဲ့ၿပီးေနာက္ပိုင္းတြင္ စိတ္ဓာတ္မက် အိမ္မျပန္ပဲ ေဆး႐ုံတြင္ ဘဝတူကိုဗစ္လူနာမ်ားအား Volunteer အေနျဖစ္ျပဳစုေပးေနျခင္းျဖစ္သည္။ မိခင္ကြယ္လြန္သြားေတာ့ အိမိုးေထြးကေဆး႐ုံမွာ ဆက္လက္ကုသမႈခံယူၿပီး သူကိုယ္တိုင္ကုသမႈခံယူရင္းဘဝတူကိုဗစ္လူနာမ်ာ

းကိုကုသမႈစင္တာက ဆရာဆရာမမ်ားလမ္းၫႊန္မႈအတိုင္း ဝိုင္းဝန္းျပဳစုေပးေနတဲ့အတြက္လူနာမ်ားၾကားမွာ ပန္းေရာင္ဆရာမေလးဟုဂုဏ္သတင္းေက်ာ္ေဇာေနသူျဖစ္တယ္ဟု ကလိေဆး႐ုံတာဝန္ခံကေျပာၾကားသည္။ အိမိုးေထြးရဲ႕အဓိက ဂုဏ္ယူစရာစြမ္းေဆာင္ခ်က္ကေတာ့ ေဈးပိုင္း(၁၈) လမ္းမက အဖြားအ႐ြယ္ အဖြားသန္းအားျပဳစုေစာင့္ေရွာက္ဘို႔လိုအပ္ ေနတဲ့အခ်ိန္မွာမိခင္ရင္းလို႔ျပဳစုေစာင့္ေရွာက္မႈေပးတဲ့အတြက္အဖြားသန္းကကိုဗစ္ေရာဂါဆိုးကိုအႏိုင္ယူႏႈိင္ခဲ့တယ္ဟု

ပဲခူးၿမိဳ႕နယ္ကိုဗစ္ကာကြယ္ေရးေကာ္မတီမွ ဦးကိုႏိုင္ကေျပာၾကားသည္။ ဒီေန႔ေတာ့သူ႔ရဲ႕လႈမႈဝန္ထမ္းစိတ္ဓာတ္ကိုေလးစားလို႔ We Love Bago Founder ဦးတင္စိုးက က်ပ္ဆယ္သိန္းတန္ဆြဲႀကိဳးတကုံးႏွင့္ We Love Bago charity organization ဂုဏ္ျပဳလႊာတစ္ေစာင္ေပးအပ္ဂုဏ္ျပဳခ်ီးျမႇင့္တာဟု ဦးကိုႏိုင္ကေျပာၾကားသည္။ အိမိုးေထြးသည္ ကလိေဆး႐ုံတြင္ ေစတနာဝန္ထမ္းဘဝျဖစ္ ဘဝတူကိုဗစ္လူနာမ်ားအားဆက္လက္ျပဳစုေပးလွ်က္ရွိသည္။

Love Bago

Unicode

ဂုဏ်ပြုထိုက်တဲ့ ပန်းရောင်ဆရာမလေး

ပိုးကူးစက်ခံရသဖြင့် မိခင်ဖြစ်သူနှင့်အတူ ပဲခူး (ကလိ) ဆေးရုံကိုဗစ်ကုသဆောင်တွင်အတည်ပြုလူနာအဖြင့်ဆေးကုသမှုခံယူနေရာမှ Volunteer အဖြင့်ယင်းဆေးရုံတွင် အသက်ကြီးသူများအားပြုစုပေးနေသူ အိမိုးထွေး အား We Love Bago Founder ဦးတင်စိုးမှ ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကို ယနေ့ (၁၉.၁၂.၂၀၂၀) မှာ ဂုဏ်ပြုပေးအပ်သည်။ ဇိုင်းဂနိုင်ကြီးကျေးရွာနေ မအိမိုးထွေးသည် လွန်ခဲ့သည့်တစ်လအကြာက ပိုးကူးစက်ခံရပြီး

မိခင်နှင့်ကလိဆေးရုံတွင်ဆေးကုသမှုခံယူနေရာမှ မိခင်ဖြစ်သူယင်းဆေးရုံတွင်ကိုဗစ်ရောဂါဖြစ်ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းတွင် စိတ်ဓာတ်မကျ အိမ်မပြန်ပဲ ဆေးရုံတွင် ဘဝတူကိုဗစ်လူနာများအား Volunteer အနေဖြစ်ပြုစုပေးနေခြင်းဖြစ်သည်။ မိခင်ကွယ်လွန်သွားတော့ အိမိုးထွေးကဆေးရုံမှာ ဆက်လက်ကုသမှုခံယူပြီး သူကိုယ်တိုင်ကုသမှုခံယူရင်းဘဝတူကိုဗစ်လူနာများကိုကုသမှုစင်တာက ဆရာဆရာမများလမ်းညွှန်မှုအတိုင်း

ဝိုင်းဝန်းပြုစုပေးနေတဲ့အတွက်လူနာများကြားမှာ ပန်းရောင်ဆရာမလေးဟုဂုဏ်သတင်းကျော်ဇောနေသူဖြစ်တယ်ဟု ကလိဆေးရုံတာဝန်ခံကပြောကြားသည်။ အိမိုးထွေးရဲ့အဓိက ဂုဏ်ယူစရာစွမ်းဆောင်ချက်ကတော့ ဈေးပိုင်း(၁၈) လမ်းမက အဖွားအရွယ် အဖွားသန်းအားပြုစုစောင့်ရှောက်ဘို့လိုအပ် နေတဲ့အချိန်မှာမိခင်ရင်းလို့ပြုစုစောင့်ရှောက်မှုပေးတဲ့အတွက်အဖွားသန်းကကိုဗစ်ရောဂါဆိုးကိုအနိုင်ယူနှိုင်ခဲ့တယ်ဟု

ပဲခူးမြို့နယ်ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဦးကိုနိုင်ကပြောကြားသည်။ ဒီနေ့တော့သူ့ရဲ့လှုမှုဝန်ထမ်းစိတ်ဓာတ်ကိုလေးစားလို့ We Love Bago Founder ဦးတင်စိုးက ကျပ်ဆယ်သိန်းတန်ဆွဲကြိုးတကုံးနှင့် We Love Bago charity organization ဂုဏ်ပြုလွှာတစ်စောင်ပေးအပ်ဂုဏ်ပြုချီးမြှင့်တာဟု ဦးကိုနိုင်ကပြောကြားသည်။ အိမိုးထွေးသည် ကလိဆေးရုံတွင် စေတနာဝန်ထမ်းဘဝဖြစ် ဘဝတူကိုဗစ်လူနာများအားဆက်လက်ပြုစုပေးလျှက်ရှိသည်။

Love Bago