Zawgyi







credit – Myanmarload

Unicode

သူမနဲ့ချွတ်စွတ်တူလွန်းတဲ့ ဗိုက်ထဲကသမီးလေးရဲ့မျက်နှာကို ပထမဆုံးမြင်တွေ့လိုက်ရလို့ ကြည်နူးမဆုံးဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်း ပရိသတ်ကြီးရေ.. မင်းသမီးချောနန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်ကောင်းလို့ အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာရရှိထားသလို ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။ ချစ်ခင်ပွန်းအပြင် ချစ်စရာကောင်းလွန်းတဲ့

သားလေးဂျက်ဂျက်နဲ့အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေသလို ဒုတိယမြောက်ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရပြီး မကြာခင်မှာပဲ သမီးလေးကိုလည်း မွေးဖွားပိုင်ဆိုင်တော့မှာပါနော်..။ မေမေနန်းမြတ်ကတော့ မိသားစုဘဝလေးကို သားသားမီးမီးလေးတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရတော့မှာမို့ ကြည်နူးပျော်ရွှင်နေသလို ဂျူးဂျူးလေးလို့ ချစ်စနိုးနဲ့ နာမည်ပေးထားတဲ့ သမီးလေးကို မွေးဖွားရတော့မှာမို့လည်း စိတ်လှုပ်ရှားပျော်ရွှင်နေတာ တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း မေမေနန်းမြတ်တစ်ယောက် မွေးတောင်မမွေးသေးပေမယ့် သူမနဲ့ချွတ်စွတ်တူလွန်းတဲ့ ဗိုက်ထဲကသမီးလေးရဲ့မျက်နှာကို ပထမဆုံးမြင်တွေ့လိုက်ရလို့ ကြည်နူးမဆုံးဖြစ်လို့နေကာ အမှတ်တရလေးတွေကို ဝေမျှလာပါတယ်နော်..။ “ဂျူးဂျူးလေးကိုပထမဆုံးမြင်ရတဲ့မျက်နှာလေး☺️☺️☺️..” ဆိုပြီး ချစ်စရာကောင်းလွန်းနေတဲ့ သမီးငယ်လေးရဲ့ ပုံရိပ်လေးတွေကို တစိမ့်စိမ့်ကြည့်ရင်း

သဘောကျအချစ်ပိုနေတဲ့ အကြောင်းလေးတွေကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။ ပရိသတ်တွေကလည်း မျက်နှာလေးကို ထင်ထင်ရှားရှားမြင်တွေ့နေရပြီဖြစ်တဲ့ နန်းမြတ်ရဲ့သမီးလေး ဂျူးဂျူးလေးရဲ့ ချစ်စရာပုံလေးတွေကို အသည်းယားသဘောကျနေကြပြီး မေမေနန်းမြတ်ကိုလည်း အားပေးစကားလေးတွေ ပြောထားကြပါတယ်နော်..။

သတင်းအရင်းမြစ်: Nann Myat Phyo Thinn

credit – Myanmarload