Zawgyi

(၁) Aries ~ March 21 – April 19

Aries ေတြက ေျဖာင့္မတ္တည္ၾကည္ၿပီး သမာဓိရွိတဲ့လူစားမ်ိဳးပါ။ သူတို႔နဲ႔ မရင္းႏွီးေသးခင္ေတာ့ သူတို႔ဟာ အသဲႏွလုံးမရွိတဲ့ မာေက်ာခတ္ထန္တဲ့လူမ်ိဳးလို႔ ထင္ရေပမယ့္ တကယ္တမ္း ရင္းႏွီးသြားၿပီဆိုရင္ သူတို႔ေတြဟာ ဟာသဉာဏ္႐ႊင္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့

လူမ်ိဳးေတြပါ။ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ သူတို႔ခံစားခ်က္ေတြကို ကြယ္ဝွက္ထားတာမ်ိဳးမရွိပဲ စကားနဲ႔ျဖစ္ေစ၊ အမူအရာနဲ႔ျဖစ္ေစ တိုက္႐ိုက္ေျပာတတ္ပါတယ္။ ျပႆနာက သူတို႔ဟာ ခံစားခ်က္ေတြကို တဖက္လူသိေအာင္ ဖြဲ႕ဖြဲ႕ႏြဲ႕ႏြဲ႕

ခ်စ္ဖို႔ေကာင္းေအာင္ မေျပာတတ္တာပါပဲ။ ေျပာရရင္ ေထ့ေငါ့တဲ့စကားလုံးေတြ၊ ေလွာင္ေျပာင္သေရာတဲ့ အမႈအရာအေျပာအဆိုေတြနဲ႔ ေျပာတတ္တာမ်ိဳးပါ။ ဒါေၾကာင့္ စိတ္မဆိုးတတ္တဲ့လူမ်ိဳး၊ စကားအထအနမေကာက္တတ္တဲ့လူမ်ိဳးနဲ႔မွ Aries ေတြနဲ႔ အဆင္ေျပမယ္ထင္ပါတယ္ေနာ္….

(၂) Taurus ~ April 20 – May 20

Taurus ေတြက အဆိုးျမင္ဝါဒီမ်ားၿပီး အတၱဆန္ႀကီးတဲ့လူမ်ိဳးေတြလို႔ ေျပာလို႔ရပါတယ္။ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ သူတို႔ခံစားခ်က္ေတြကို ႐ိုး႐ိုးရွင္းရွင္းပဲ ထုတ္ေဖာ္ျပပါတယ္။ ေျပာရရင္ ခ်စ္တယ္ဆိုလည္း ခ်စ္တယ္

မခ်စ္ဘူးဆိုလည္း မခ်စ္ဘူး တုံးတိႀကီးေပါ့။ အတၱႀကီးတဲ့လူတစ္ေယာက္မို႔လို႔ သူတို႔ေတြဟာ တဖက္လူရဲ႕ခံစားခ်က္ေတြကို သိပ္ဂ႐ုစိုက္ေလ့မရွိပဲ သူတို႔ျဖစ္ခ်င္တာကိုပဲ ဦးစားေပးေလ့ရွိပါတယ္။ ဒါ့အျပင္ တဖက္လူရဲ႕အရည္အခ်င္းေတြ၊ ေမတၱာေတြ ေစတနာေတြကို ခဏခဏခ်ီးက်ဴးၿပီး အသိအမွတ္ျပဳေလ့ မရွိေပမယ့္ သူတို႔ဘက္က တကယ္ခ်စ္ရွာပါတယ္။

(၃) Gemini ~ May 21 – June 20

Gemini ေတြဟာ တစ္ခါတစ္ေလ ေခါင္းမာတတ္ေပမယ့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္သူေတြပါ။ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ သေဘာမက်ခ်င္သေယာင္ေဆာင္ၿပီး ရင္းႏွီးၿပီးနားလည္ေပးတဲ့ သာမန္သူငယ္ခ်င္းပုံစံမ်ိဳးနဲ႔ ခ်ဥ္းကပ္တတ္ပါတယ္။ တစ္ခါတစ္ေလက် ေနာက္သလို ေျပာင္သလိုလိုနဲ႔

သူတို႔စိတ္ဝင္စားတဲ့လူကို ခ်စ္တယ္၊ သေဘာက်တယ္ဆိုၿပီး ေျပာပါလိမ့္မယ္။ ဒါေၾကာင့္ တဖက္လူဘက္က သူတို႔အခ်စ္ကို ေဝခြဲမရျဖစ္တတ္ပါတယ္။ ျပႆနာကေတာ့ သူတို႔ေတြဟာ လြယ္လြယ္ခ်စ္တတ္ၿပီး လြယ္လြယ္လမ္းခြဲတတ္ပါတယ္။ ေျပာရရင္ အခ်စ္ကိုကစားတဲ့လူမ်ိဳးေတြေပါ့။

(၄)Cancer ~ June 21 – July 22

Cancer ေတြဟာ အရမ္းခ်စ္ၿပီး ဂ႐ုစိုက္တတ္တဲ့လူမ်ိဳးေတြပါ။ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ ပန္းစည္းေလးေတြ ေပးတာမ်ိဳး၊ လက္ေဆာင္ေလးေတြ ေပးတာမ်ိဳး စတဲ့ ႏူးႏူးညံ့ညံ့ပုံစံမ်ိဳးေလးေတြနဲ႔

ခ်ဥ္းကပ္တတ္ပါတယ္။ ဒါ့အျပင္ တဖက္လူနဲ႔ပတ္သက္တာမွန္သမွ်ကို အေသးစိတ္ မွတ္ထားေလ့ရွိပါတယ္။ သူတို႔ဘက္က ခ်စ္ရသူကို သူတို႔မိဘေတြနဲ႔ ေတြ႕ဖို႔ေခၚသြားခဲ့ရင္ အဲဒီလူဟာ သူတို႔တစ္ဘဝလုံးစာအတြက္ ရည္႐ြယ္ထားသူ ျဖစ္ပါတယ္။

(၅) Leo ~ July 23 – August 22

Leo ေတြဟာ ရမၼက္ႀကီးၿပီး ၾသဇာႀကီးမားတဲ့လူမ်ိဳးေတြပါ။ သူတို႔ေတြဟာ ဒရမ္မာခင္းရတာမ်ိဳး၊ လူေတြအာ႐ုံစိုက္ခံရတာမ်ိဳးကို ႏွစ္သက္ၾကတဲ့အတြက္ သူတို႔အခ်စ္ေတြကို တဖက္လူသိေအာင္ ေဖာ္ျပတဲ့ေနရာမွာလည္း လူေတြအာ႐ုံစိုက္ေအာင္ ဒရမ္မာေတြခင္းၿပီး ေဖာ္ျပပါလိမ့္မယ္။ သူတို႔ေတြဟာ

သူတို႔ခ်စ္ရသူရဲ႕ဘဝမွာ အေရးပါတဲ့လူ ျဖစ္ခ်င္ၾကၿပီး ခ်စ္သူနဲ႔အတူတူ မလုပ္ဖူးတဲ့အရာေတြလုပ္ဖို႔ အၿမဲႀကိဳးစားေနပါလိ့မ္မယ္။ ဒါ့အျပင္ သူတို႔ေတြဟာ တစ္ခါတစ္ေလ ခ်စ္ရသူကိုပိုင္ဆိုင္ခ်င္စိတ္ေတြ အရမ္းမ်ားၿပီး လုပ္မိလုပ္ရာေတြ လုပ္မိတတ္ပါတယ္။ ဒါေၾကာင့္ တဖက္လူအေနနဲ႔ သူတို႔နဲ႔ပတ္သက္မိရင္ အေနအထိုင္ဆင္ျခင္ၿပီး ဂ႐ုစိုက္သင့္ပါတယ္။

(၆) Virgo ~ August 23 – September 22

Virgo ေတြဟာ လက္ေတြ႕က်က် ေတြးေခၚစဥ္းစားၿပီး ဘယ္အရာကိုမဆို ေစ့ေစ့စပ္စပ္ လုပ္ေဆာင္တတ္သူေတြပါ။ ဒါေပမယ့္ သူတို႔ေတြဟာ အရွက္အေၾကာက္ႀကီးၿပီး သူတို႔ခံစားခ်က္ေတြကို

တဖက္လူသိေအာင္ ေဖာ္ျပေလ့မရွိပါဘူး။ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ တဖက္လူေရွ႕ေရာက္ရင္ သူတို႔ေတြဟာ ရွက္ကိုးရွက္ကန္းျဖစ္ၿပီး အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ လုပ္မိေနပါလိမ့္မယ္။

(၇) Libra ~ September 23 – October 22

Libra ေတြဟာ အခ်စ္ခံရတာကို သေဘာက်သူေတြပါ။ ဒါေၾကာင့္ သူတို႔ေတြဟာ လူေတြအျမင္မွာ ဆြဲေဆာင္မႈရွိေအာင္ တတ္ႏိုင္သေလာက္ ႀကိဳးစားေနထိုင္ၾကပါတယ္။ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ ခ်စ္သူႏွစ္သက္တဲ့အရာေတြကို သူတို႔မုန္းေနရင္ေတာင္မွ

သည္းခံၿပီး ခ်စ္ရသူေပ်ာ္႐ႊင္စိတ္ခ်မ္းသာေအာင္ လုပ္ေပးပါလိမ့္မယ္။ ဒါ့အျပင္ တဖက္လူရဲ႕ဘဝမွာ အေရးပါတဲ့လူတစ္ေယာက္ ျဖစ္ခ်င္ၾကပါတယ္။ ဒါေၾကာင့္ ခ်စ္ရသူဘက္က သူတို႔ကို သူငယ္ခ်င္းအေနနဲ႔ပဲ လက္ခံႏိုင္မယ္ဆိုရင္ေတာင္ ေက်ေက်နပ္နပ္ႀကီး ခံယူပါလိမ့္မယ္။

(၈)Scorpio ~ October 23 – November 21

Scorpio ေတြဟာ တစ္ခါတစ္ေလ တဏွာမကင္းတဲ့ အျပဳအမူနဲ႔ အေျပာအဆိုေတြေၾကာင့္ တဏွာႀကီးသူလို႔ တခ်ိဳ႕က ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ ခ်စ္ရသူအေပၚထားရွိတဲ့ သူတို႔ခံစားခ်က္ေတြ၊ အေတြးေတြကို ျဖဴျဖဴစင္စင္ ေဖာ္ျပပါလိမ့္မယ္။

သူတို႔ေတြ အဓိပၸာယ္မရွိတဲ့ အခ်စ္ေရးမ်ိဳးနဲ႔ သူတို႔အခ်ိန္ေတြကို အကုန္မခံတတ္ပါဘူး။ ဒါေၾကာင့္ အစထဲက သူတို႔တစ္ဘဝလုံး လက္တြဲသြားမယ့္သူကို ေသခ်ာေ႐ြးခ်ယ္ၾကပါတယ္။

(၉) Sagittarius ~ November 22 – December 21

Sagittarius ေတြဟာ ေဖာ္ေဖာ္ေ႐ြေ႐ြေနတတ္ၿပီး ၾကင္နာသနားတတ္ၿပီး အဲဒီခံစားခ်က္ေတြကို ႐ုပ္ပိုင္းဆိုင္ရာ အထိအေတြ႕ေတြနဲ႔ ျပသတတ္ပါတယ္။ ဒါေၾကာင့္ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ ခ်စ္ရသူေဘးနားေလးမွာ လာထိုင္တာမ်ိဳး၊ ခ်စ္သူကိုဆံပင္ေလးေတြ

သပ္ေပးတာမ်ိဳး အစရွိတဲ့ အထိအေတြ႕ေလးေတြနဲ႔ ျပသပါလိမ့္မယ္။ သူတို႔ေတြဟာ သူတို႔ခ်စ္တဲ့လူေဘးနားမွာ အၿမဲေနခ်င္ၾကသူေတြပါ။ သူတို႔အၿပဳံးက တဖက္လူကို ဆြဲေဆာင္ႏိုင္တဲ့ သူတို႔လက္နက္ပါ။ ဒါေၾကာင့္ အဲဒီအၿပဳံးကို အသုံးခ်ၿပီး သင့္ဘက္ကသူတို႔ကိုေႂကြေအာင္ လုပ္ပါလိမ့္မယ္။

(၁၀) Capricorn ~ December 22 – January 19

Capricorn ေတြဟာ စိတ္ရွည္သည္းခံတတ္ၿပီး တစ္ခါတစ္ေလ အရွက္အေၾကာက္ႀကီးပါတယ္။ ဒါေၾကာင့္ တဖက္လူအေနနဲ႔ သူတို႔ဘက္က သေဘာက်တယ္၊မက်ဘူးဆိုတာ တပ္အပ္ႀကီး မေျပာႏိုင္ပါဘူး။

ဒါေပမယ့္ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ တျခားလူေတြ ဘာေျပာေျပာ ခ်စ္ရသူရဲ႕ဆႏၵေတြ၊ဆုံးျဖတ္ခ်က္ေတြနဲ႔ အႀကံေတြကို ခ်ီးမြမ္းၿပီး အသိအမွတ္ျပဳပါလိ့မ္မယ္။

(၁၁) Aquarius ~ January 20 – February 18

Aquarius ေတြဟာ ခန႔္မွန္းရခက္တဲ့လူမ်ိဳးေတြပါ။ သူတို႔ဘာေတြေတြးေနၿပီး ဘာေတြလုပ္မလဲဆိုတာ ဘယ္သူမွမခန႔္မွန္းႏိုင္ပါဘူး။ သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ ခ်စ္ရသူနဲ႔ပတ္သက္သမွ် အရာရာကို ပိုၿပီး႐ူးသြပ္လာပါလိမ့္မယ္။ ဒါ့အျပင္ တဖက္လူမေမွ်ာ္လင့္တဲ့ေန

ရာေတြမွာ အံ့ၾသသြားေအာင္ ေပၚလာတာမ်ိဳး၊ မေမွ်ာ္လင့္တဲ့ လက္ေဆာင္ေတြ ေပးတာမ်ိဳး စတာေတြ လုပ္လာပါလိမ့္မယ္။ သူတို႔ဟာ တဖက္လူဘက္က သူတို႔ရဲ႕မေကာင္းတဲ့အခ်က္ေတြကို လက္ခံေပးၿပီး ခ်စ္လာတာမ်ိဳးကို အလိုရွိပါတယ္။

(၁၂) Pisces ~ February 19 – March 20

Pisces ေတြဟာ အရမ္းခ်စ္တတ္ၿပီး စိတ္ခံစားခ်က္လြယ္တဲ့ လူမ်ိဳးေတြပါ။ သူတို႔ခံစားခ်က္ေတြကို လူမသိေအာင္ ဖုံးကြယ္ရတဲ့ေနရာမ်ိဳးမွာ ညံ့ဖ်င္းတတ္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ဘက္က စိတ္ဝင္စားေနလားဆိုတာ အတိအက်ေျပာႏိုင္ပါတယ္။

သူတို႔ဘက္က တဖက္လူကိုသေဘာက်ၿပီဆိုရင္ အၿမဲဂ႐ုစိုက္ ေစာင့္ၾကည့္ေနတတ္ၿပီး ေႏြးေထြးမႈေတြ၊ ဂ႐ုစိုက္မႈေတြ ေပးပါလိမ့္မယ္။ တစ္ခါတစ္ေလ သူတို႔ေတြဟာ ရင္နဲ႔အမွ်ခံစားၿပီး ကဗ်ာေလးေတြ ေရးတတ္ပါေသးတယ္။

credit to lotaya

Unicode

(၁) Aries ~ March 21 – April 19

Aries တွေက ဖြောင့်မတ်တည်ကြည်ပြီး သမာဓိရှိတဲ့လူစားမျိုးပါ။ သူတို့နဲ့ မရင်းနှီးသေးခင်တော့ သူတို့ဟာ အသဲနှလုံးမရှိတဲ့ မာကျောခတ်ထန်တဲ့လူမျိုးလို့ ထင်ရပေမယ့် တကယ်တမ်း ရင်းနှီးသွားပြီဆိုရင် သူတို့တွေဟာ ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ လူမျိုးတွေပါ။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် သူတို့ခံစားချက်တွေကို ကွယ်ဝှက်ထားတာမျိုးမရှိပဲ စကားနဲ့ဖြစ်စေ၊ အမူအရာနဲ့ဖြစ်စေ တိုက်ရိုက်ပြောတတ်ပါတယ်။

ပြဿနာက သူတို့ဟာ ခံစားချက်တွေကို တဖက်လူသိအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ချစ်ဖို့ကောင်းအောင် မပြောတတ်တာပါပဲ။ ပြောရရင် ထေ့ငေါ့တဲ့စကားလုံးတွေ၊ လှောင်ပြောင်သရောတဲ့ အမှုအရာအပြောအဆိုတွေနဲ့ ပြောတတ်တာမျိုးပါ။ ဒါကြောင့် စိတ်မဆိုးတတ်တဲ့လူမျိုး၊ စကားအထအနမကောက်တတ်တဲ့လူမျိုးနဲ့မှ Aries တွေနဲ့ အဆင်ပြေမယ်ထင်ပါတယ်နော်….

(၂) Taurus ~ April 20 – May 20

Taurus တွေက အဆိုးမြင်ဝါဒီများပြီး အတ္တဆန်ကြီးတဲ့လူမျိုးတွေလို့ ပြောလို့ရပါတယ်။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် သူတို့ခံစားချက်တွေကို ရိုးရိုးရှင်းရှင်းပဲ ထုတ်ဖော်ပြပါတယ်။ ပြောရရင် ချစ်တယ်ဆိုလည်း ချစ်တယ် မချစ်ဘူးဆိုလည်း မချစ်ဘူး တုံးတိကြီးပေါ့။

အတ္တကြီးတဲ့လူတစ်ယောက်မို့လို့ သူတို့တွေဟာ တဖက်လူရဲ့ခံစားချက်တွေကို သိပ်ဂရုစိုက်လေ့မရှိပဲ သူတို့ဖြစ်ချင်တာကိုပဲ ဦးစားပေးလေ့ရှိပါတယ်။ ဒါ့အပြင် တဖက်လူရဲ့အရည်အချင်းတွေ၊ မေတ္တာတွေ စေတနာတွေကို ခဏခဏချီးကျူးပြီး အသိအမှတ်ပြုလေ့ မရှိပေမယ့် သူတို့ဘက်က တကယ်ချစ်ရှာပါတယ်။

(၃) Gemini ~ May 21 – June 20

Gemini တွေဟာ တစ်ခါတစ်လေ ခေါင်းမာတတ်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေပါ။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် သဘောမကျချင်သယောင်ဆောင်ပြီး ရင်းနှီးပြီးနားလည်ပေးတဲ့ သာမန်သူငယ်ချင်းပုံစံမျိုးနဲ့ ချဉ်းကပ်တတ်ပါတယ်။ တစ်ခါတစ်လေကျ နောက်သလို ပြောင်သလိုလိုနဲ့

သူတို့စိတ်ဝင်စားတဲ့လူကို ချစ်တယ်၊ သဘောကျတယ်ဆိုပြီး ပြောပါလိမ့်မယ်။ ဒါကြောင့် တဖက်လူဘက်က သူတို့အချစ်ကို ဝေခွဲမရဖြစ်တတ်ပါတယ်။ ပြဿနာကတော့ သူတို့တွေဟာ လွယ်လွယ်ချစ်တတ်ပြီး လွယ်လွယ်လမ်းခွဲတတ်ပါတယ်။ ပြောရရင် အချစ်ကိုကစားတဲ့လူမျိုးတွေပေါ့။

(၄)Cancer ~ June 21 – July 22

Cancer တွေဟာ အရမ်းချစ်ပြီး ဂရုစိုက်တတ်တဲ့လူမျိုးတွေပါ။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ပန်းစည်းလေးတွေ ပေးတာမျိုး၊ လက်ဆောင်လေးတွေ ပေးတာမျိုး စတဲ့ နူးနူးညံ့ညံ့ပုံစံမျိုးလေးတွေနဲ့ ချဉ်းကပ်တတ်ပါတယ်။

ဒါ့အပြင် တဖက်လူနဲ့ပတ်သက်တာမှန်သမျှကို အသေးစိတ် မှတ်ထားလေ့ရှိပါတယ်။ သူတို့ဘက်က ချစ်ရသူကို သူတို့မိဘတွေနဲ့ တွေ့ဖို့ခေါ်သွားခဲ့ရင် အဲဒီလူဟာ သူတို့တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

(၅) Leo ~ July 23 – August 22

Leo တွေဟာ ရမ္မက်ကြီးပြီး သြဇာကြီးမားတဲ့လူမျိုးတွေပါ။ သူတို့တွေဟာ ဒရမ်မာခင်းရတာမျိုး၊ လူတွေအာရုံစိုက်ခံရတာမျိုးကို နှစ်သက်ကြတဲ့အတွက် သူတို့အချစ်တွေကို တဖက်လူသိအောင် ဖော်ပြတဲ့နေရာမှာလည်း လူတွေအာရုံစိုက်အောင် ဒရမ်မာတွေခင်းပြီး ဖော်ပြပါလိမ့်မယ်။

သူတို့တွေဟာ သူတို့ချစ်ရသူရဲ့ဘဝမှာ အရေးပါတဲ့လူ ဖြစ်ချင်ကြပြီး ချစ်သူနဲ့အတူတူ မလုပ်ဖူးတဲ့အရာတွေလုပ်ဖို့ အမြဲကြိုးစားနေပါလိ့မ်မယ်။ ဒါ့အပြင် သူတို့တွေဟာ တစ်ခါတစ်လေ ချစ်ရသူကိုပိုင်ဆိုင်ချင်စိတ်တွေ အရမ်းများပြီး လုပ်မိလုပ်ရာတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် တဖက်လူအနေနဲ့ သူတို့နဲ့ပတ်သက်မိရင် အနေအထိုင်ဆင်ခြင်ပြီး ဂရုစိုက်သင့်ပါတယ်။

(၆) Virgo ~ August 23 – September 22

Virgo တွေဟာ လက်တွေ့ကျကျ တွေးခေါ်စဉ်းစားပြီး ဘယ်အရာကိုမဆို စေ့စေ့စပ်စပ် လုပ်ဆောင်တတ်သူတွေပါ။ ဒါပေမယ့် သူတို့တွေဟာ အရှက်အကြောက်ကြီးပြီး

သူတို့ခံစားချက်တွေကို တဖက်လူသိအောင် ဖော်ပြလေ့မရှိပါဘူး။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် တဖက်လူရှေ့ရောက်ရင် သူတို့တွေဟာ ရှက်ကိုးရှက်ကန်းဖြစ်ပြီး အလွဲလွဲအချော်ချော်တွေ လုပ်မိနေပါလိမ့်မယ်။

(၇) Libra ~ September 23 – October 22

Libra တွေဟာ အချစ်ခံရတာကို သဘောကျသူတွေပါ။ ဒါကြောင့် သူတို့တွေဟာ လူတွေအမြင်မှာ ဆွဲဆောင်မှုရှိအောင် တတ်နိုင်သလောက် ကြိုးစားနေထိုင်ကြပါတယ်။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်သူနှစ်သက်တဲ့အရာတွေကို သူတို့မုန်းနေရင်တောင်မှ သည်းခံပြီး

ချစ်ရသူပျော်ရွှင်စိတ်ချမ်းသာအောင် လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် တဖက်လူရဲ့ဘဝမှာ အရေးပါတဲ့လူတစ်ယောက် ဖြစ်ချင်ကြပါတယ်။ ဒါကြောင့် ချစ်ရသူဘက်က သူတို့ကို သူငယ်ချင်းအနေနဲ့ပဲ လက်ခံနိုင်မယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ခံယူပါလိမ့်မယ်။

(၈)Scorpio ~ October 23 – November 21

Scorpio တွေဟာ တစ်ခါတစ်လေ တဏှာမကင်းတဲ့ အပြုအမူနဲ့ အပြောအဆိုတွေကြောင့် တဏှာကြီးသူလို့ တချို့က ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်ရသူအပေါ်ထားရှိတဲ့

သူတို့ခံစားချက်တွေ၊ အတွေးတွေကို ဖြူဖြူစင်စင် ဖော်ပြပါလိမ့်မယ်။ သူတို့တွေ အဓိပ္ပာယ်မရှိတဲ့ အချစ်ရေးမျိုးနဲ့ သူတို့အချိန်တွေကို အကုန်မခံတတ်ပါဘူး။ ဒါကြောင့် အစထဲက သူတို့တစ်ဘဝလုံး လက်တွဲသွားမယ့်သူကို သေချာရွေးချယ်ကြပါတယ်။

(၉) Sagittarius ~ November 22 – December 21

Sagittarius တွေဟာ ဖော်ဖော်ရွေရွေနေတတ်ပြီး ကြင်နာသနားတတ်ပြီး အဲဒီခံစားချက်တွေကို ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တွေနဲ့ ပြသတတ်ပါတယ်။ ဒါကြောင့် သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်ရသူဘေးနားလေးမှာ လာထိုင်တာမျိုး၊

ချစ်သူကိုဆံပင်လေးတွေ သပ်ပေးတာမျိုး အစရှိတဲ့ အထိအတွေ့လေးတွေနဲ့ ပြသပါလိမ့်မယ်။ သူတို့တွေဟာ သူတို့ချစ်တဲ့လူဘေးနားမှာ အမြဲနေချင်ကြသူတွေပါ။ သူတို့အပြုံးက တဖက်လူကို ဆွဲဆောင်နိုင်တဲ့ သူတို့လက်နက်ပါ။ ဒါကြောင့် အဲဒီအပြုံးကို အသုံးချပြီး သင့်ဘက်ကသူတို့ကိုကြွေအောင် လုပ်ပါလိမ့်မယ်။

(၁၀) Capricorn ~ December 22 – January 19

Capricorn တွေဟာ စိတ်ရှည်သည်းခံတတ်ပြီး တစ်ခါတစ်လေ အရှက်အကြောက်ကြီးပါတယ်။ ဒါကြောင့် တဖက်လူအနေနဲ့ သူတို့ဘက်က သဘောကျတယ်၊မကျဘူးဆိုတာ တပ်အပ်ကြီး မပြောနိုင်ပါဘူး။

ဒါပေမယ့် သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် တခြားလူတွေ ဘာပြောပြော ချစ်ရသူရဲ့ဆန္ဒတွေ၊ဆုံးဖြတ်ချက်တွေနဲ့ အကြံတွေကို ချီးမွမ်းပြီး အသိအမှတ်ပြုပါလိ့မ်မယ်။

(၁၁) Aquarius ~ January 20 – February 18

Aquarius တွေဟာ ခန့်မှန်းရခက်တဲ့လူမျိုးတွေပါ။ သူတို့ဘာတွေတွေးနေပြီး ဘာတွေလုပ်မလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။ သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် ချစ်ရသူနဲ့ပတ်သက်သမျှ အရာရာကို ပိုပြီးရူးသွပ်လာပါလိမ့်မယ်။

ဒါ့အပြင် တဖက်လူမမျှော်လင့်တဲ့နေရာတွေမှာ အံ့သြသွားအောင် ပေါ်လာတာမျိုး၊ မမျှော်လင့်တဲ့ လက်ဆောင်တွေ ပေးတာမျိုး စတာတွေ လုပ်လာပါလိမ့်မယ်။ သူတို့ဟာ တဖက်လူဘက်က သူတို့ရဲ့မကောင်းတဲ့အချက်တွေကို လက်ခံပေးပြီး ချစ်လာတာမျိုးကို အလိုရှိပါတယ်။

(၁၂) Pisces ~ February 19 – March 20

Pisces တွေဟာ အရမ်းချစ်တတ်ပြီး စိတ်ခံစားချက်လွယ်တဲ့ လူမျိုးတွေပါ။ သူတို့ခံစားချက်တွေကို လူမသိအောင် ဖုံးကွယ်ရတဲ့နေရာမျိုးမှာ ညံ့ဖျင်းတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဘက်က စိတ်ဝင်စားနေလားဆိုတာ အတိအကျပြောနိုင်ပါတယ်။

သူတို့ဘက်က တဖက်လူကိုသဘောကျပြီဆိုရင် အမြဲဂရုစိုက် စောင့်ကြည့်နေတတ်ပြီး နွေးထွေးမှုတွေ၊ ဂရုစိုက်မှုတွေ ပေးပါလိမ့်မယ်။ တစ်ခါတစ်လေ သူတို့တွေဟာ ရင်နဲ့အမျှခံစားပြီး ကဗျာလေးတွေ ရေးတတ်ပါသေးတယ်။

credit to lotaya