Zawgyi
credit to lotaya
Unicode
The North Star- ဓူဝံကြယ်သင်္ကေတလေးဖြစ်တဲ့ The North Star လေးကတော့ သင့်ကိုဒီလိုစကားတွေအမှာကြားလိုက်ပါတယ်။ မပြီးပြတ်သေးတဲ့ကိစ္စရပ်တွေကိုအမြန်ဆုံးဖြေရှင်းပါတဲ့။ အလုပ်ကိစ္စတို့၊ စာရင်းရှင်းစရာကိစ္စတို့ဘာတို့ပေါ့။အခုတလောမှာသာ မပြီးပြတ်နိုင်ခဲ့ရင်တော့ သင့်ဆီမှာ နစ်နာမှုတွေ ရှိလာနိုင်တာကြောင့်ပါ။
The Trinity- တစ်စုံတစ်ယောက် သို့မဟုတ်အခြေအနေတစ်ခုခုရဲ့ တွန်းအားကြောင့် သင့်အနေနဲ့ စိတ်မပါတဲ့လမ်းကြောင်းတစ်ခု သို့မဟုတ် ကိုယ့်ဆန္ဒမပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရွေးချယ်ရမလိုဖြစ်နေခဲ့ပါပြီ။
ဒါကြောင့် ဒီကိစ္စကို သေချာစဉ်းစားပေးပါ။ ကိုယ့်အနေနဲ့ တွန်းအားတွေကြောင့် ရွေးချယ်လိုက်ပြီပဲထားဦး၊ နောက်ဆက်တွဲ ရိုက်ခတ်မှုဒဏ်တွေကို ခံနိုင်မှာလား။ နှလုံးအေးအေး ခေါင်းကြည်ကြည်နဲ့ မှန်ကန်တဲ့ရွေးချယ်မှုကို ရရှိနိုင်ပါစေ။
The Magic- မှော်ပညာရဲ့သင်္ကေတလေးကို ရွေးချယ်မိပြီဆိုရင်တော့ တစ်ခုလောက်ပြန်စဉ်းစားပေးပါလား။ သင့်ဘဝမှာ ပ ဉ္စလက်ဆန်တဲ့ ကိစ္စတော်တော်များများ ဖြစ်သွားခဲ့ဖူးလား။
ဥပမာ ကျပြီထင်တဲ့စာမေးပွဲကြီးတစ်ခု မကျတဲ့အပြင် လွတ်လွတ်ကျွတ်ကျွတ်အောင်သွားတာမျိုး၊ တစ်ခုခုကိုကြိုသိနေသလိုမျိုးပေါ့။ ဒါတွေဟာ သင့်အနေနဲ့အထက်ပုဂ္ဂိုလ်တွေဆီကအစောင့်အရှောက်ကောင်းတွေ ရထားလို့ပါပဲတဲ့။
သင်ကိုယ်တိုင်ဒါတွေကို မသိရင်တောင် သင့်အနားကလူတွေကတော့ ကံကောင်းလိုက်တာဆိုပြီး သင့်ဘဝကိုအံ့သြနေမိကြမှာပါ။ ဒါကြောင့်အခုဖြစ်နေတဲ့ စိတ်အားငယ်မှုတွေကို ခေါက်ထားလိုက်ပြီးအကောင်းဆုံးလို့ထင်နေတဲ့ လမ်းကိုသာ ရဲရဲကြီးလျှောက်လိုကပါ။
The Spinning Wheel- သင်္ဘောတစ်စင်းလုံးရဲ့ ပဲ့ကိုင်လေးကတော့ သင့်ကိုမေးခွန်းတစ်ခုမေးနေပါပြီ။ သင်နေထိုင်ချင်တဲ့ပုံစံမျိုးနဲ့ ဘဝမှာနေထိုင်နေပြီလား။ ထပ်တူမကျနေဘူးဆိုရင်တော့ သင့်ဘဝမှာ ပြောင်းလဲချိန်တန်နေပါပြီ။
သင့်အနေနဲ့ ကိုယ့်ရင်ထဲက စိတ်ဆန္ဒအတိုင်းပြောင်းလဲလိုက်မယ်ဆိုရင် လက်ရှိအခြေအနေထက် ပိုပျော်ရွှင်ရမှာပါ။ ယုံကြည်မှုရှိပါစေ။
The Om- ဟိန္ဒူသင်္ကေတဖြစ်တဲ့ “ဥုံ” ကိုရွေးလိုက်တယ်ဆိုရင်တော့ သင့်အနေနဲ့အဖြေတစ်ခုခု သို့မဟုတ် ရလဒ်တစ်ခုခုကို စောင့်မျှော်နေတဲ့အချိန်ဖြစ်နေတယ်မဟုတ်လား။
ဒါဆိုရင်တော့ သင့်ဆုတောင်းတွေ ပြည့်ပြီလို့သာ မှတ်လိုက်ပါတော့။ ဒါပေမဲ့လည်းအရမ်းတောင်းတနေတဲ့အရာတစ်ခုဟာ ဘာကြောင့်မှန်းမသိ ဖြစ်မလာတာတွေလည်းရှိတာကြောင့်အရမ်းကြီးတော့ စိတ်ထဲမထားဖို့ ပြောချင်ပါတယ်။
credit to lotaya