Zawgyi










Crd;Myanmarload

Unicode

ယခုလိုဆောင်းတွင်း အချိန်အခါသမယမှာ ရေခနခန မချိုးချင်တဲ့သူတွေ ရှိကောင်းရှိနေမယ်လို့ ထင်ပါတယ်။ တကယ်တော့ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် လူတစ်ယောက်ဟာနေ့ တိုင်းရေချိုးပေး ဖို့မလိုပါဘူး။

အညစ်အကြေးတွေနဲ့ တိုက်ခိုက်ထိတွေ့နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဆေးကြော သန့်စင်ပေးတာနဲ့တင်လုံလောက်ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့

(၁) လူ့အရေပြားတွေဟာ နေ့စဉ်ရေချိုးပြီးသန့်စင်ပေးဖို့ မလိုအပ်ပါဘူး။ ရေချိုးဆပ်ပြာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ထိတွေပါ များတဲ့အခါ အသားအရည်အတွက် ဆိုးကျိုးတွေ တောင် ရှိလာပြီး အသားအရည်တွေ ခြောက်သွေ့လာတက်ပါတယ်။

(၂) အလွန်အကျွံရေချိုးတဲ့အခါမှာဆိုရင်လည်း အရေပြားအပေါ်ဆုံးလွှာမှာ ရှိတဲ့ အဆီဓာတ်တွေ ခန်းခြောက်လာတတ်ပါတယ်။

(၃) ခန္ဒာကိုယ်မှာရှိသင့်တဲ့ အမျှင်ဓာက်ကလေးတွေကို လျော့နည်းလာစေပါတယ်။

(၄) အပြင်ဘက်ကရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့ ဘတ်တီးရီးယား တွေ ဆုံးရှုံးမယ်။

(၅) အဆိုးဆုံးကတော့ အအေးမိပြီး နေမကောင်းဖြစ်တဲ့အခါ အလုပ်အကိုင်ပျက်ပြီး ငွေကုန်ကြေး ကျ များလာပါမယ်။

မနက်စောစောအလုပ်သွားရတဲ့သူတွေဆိုရင်လည်း ရေချိုးတဲ့အချိန်ကိုသာလျော့ချလိုက်ရင် အလှပြင်ဖို့ အချိန်ပိုရလာစေမှာပါ။ ဒါ့အပြင် ရေချိုးရမှာ အရမ်းကြောက်တဲ့ ကိုညစ်ပတ်တို့အတွက်လည်း ဒါက သတင်းကောင်းလေးတစ်ခုဖြစ်စေနိုင်မယ်လို့ ထင်ပါတယ်။

Crd;Myanmarload