Sun. Nov 28th, 2021

Zawgyi





Swelsone News

Unicode

တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကတော့ သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ဖျော်ဖြေတင်ဆင်ပေးနေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးတစ်ယောက်ပီပီ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ကောင်ကာရိုက်တာအတိုင်း

စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ အေးမြတ်သူက ပြီးခဲ့တဲ့နှစ်အတွင်းကပဲ “ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကြီးကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် အသက် (၃၅) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အလှအပနဲ့ ပက်သတ်ပြီး ခွဲစိတ်ပြုပြင်တာမျိုးမရှိပဲ သဘာဝကျကျ

ထိန်းသိမ်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အေးမြတ်သူက သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ထင်ထင်ရှားရှားကြီး လှစ်ဟပြထားတဲ့ ပွဲတက်ဝတ်စုံနဲ့ ပုံရိပ်တွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေရင်း ပရိသတ်တွေကို ရူးခါသွားစေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အေးမြတ်သူရဲ့ အမိုက်စားဝတ်စုံကြောင့် အံ့သြမှင်သက်စွာနဲ့

အရမ်းလှကြောင်း အသီးသီး မှတ်ချက်ချပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အေးမြတ်သူတစ်ယောက် ဒီဝတ်စုံလေးနဲ့ လှနေရဲ့လား ပြောပြခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Swelsone News