ခရစ္စမတ်ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပန်းခြံနှင့် ကစားကွင်းများအားလုံးကို ယာယီပိတ်ထားမည်ဖြစ်

Zawgyi



Unicode

COVID-19 ရောဂါ ကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ တားဆီးနိုင်ရေးအတွက် ခရစ္စမတ်ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ စုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အင်းယား

ကန်ပေါင်၊ ပန်းခြံနှင့် အားကစားကွင်းများအားလုံးကို ၂၁-၁၂-၂၀၂၀ ရက်နေ့မှ ၃၁-၁၂-၂၀၂၀ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။