Zawgyi
မူရင်းတင်သူ.U Zaw Oo
Unicode
ကိုယ်တွေ့မို့ မျှဝေပါရစေ လွန်ခဲ့တဲ့ ၄ လလောက်ထဲကလမ်းတောင်မလျှောက်နိူင်အောင် နာနေတဲ့ ဒူးကျီးပေါင်းတက်တာအထူးကုနဲ့ပြ/ဆေးမျိုးစုံသောက်/စက်တွေနဲ့လေ့ကျင့်ခန်းလုပ် မပျောက်လို့ စိတ်ညစ်နေတာ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီး သူ့ကိုယ်တွေ့ဆိုပြီးညွန်းလို့ မယုံပေမဲ့စမ်းကြည့်လိုက်တာ။ တပတ်အတွင်းလုံးဝနီးပါးပျောက်သလောက်ဖြစ်သွားလို့ ပြန်လည်မျှဝေပါတယ်။ မူရင်းတင်သူက သူငယ်ချင်း ကိုဇော်ဦးပါ ကိုယ်တွေ့မို့ စမ်းကြည့်စေချင်တယ်
သေချာလို့ကြေငြာပါရစေ၂၀၀၅ကစလို့ဒူးနာခဲ့တာ၂၀၀၈မှာ ဒူးထဲမှာ ချောတဲ့လမ်းကြောင်း သိပ်မရှိတော့ဘူး။ လမ်းတောင်သိပ်မလျောက်ပါနဲ့လို့ profကပြောတယ်။ ၆/ ၈ / ၂၀၁၈ ရက်နေ့က မတွေ့တာ နှစ်ပေါင်း၄၀ကျော် ကြာပြီဖြစ်တဲသူငယ်ချင်း သင်္ချာပါမောက္ခ ကိုဝင်းဆွေ(အငြိမ်းစား)ပေးတဲ့ ဆေးနည်း ၆/၈/၁၈နေ့မှာဘဲ စလိမ်းတာကနေ့ ၇၅%လောက် ကောင်းနေပါပြီ။ သူငယ်ချင်းကတော့ လည်ပင်းကြီးပေါင်း ဇက်လိမ်နေတဲ့အဆင့်ကို ၄၅ ရက်နဲ့ပျောက်ခဲ့တယ်လို့
နုတ်ပြောလေးနဲ့မျှဝေလို့ ၃. ၄ ဦးလောက်လဲအဆင်ပြေနေကြပြီ ဝေဒနာရှိနေရင်ကောင်းစေချင်လို့ထပ်ဆင့်ဖြန့်ဝေတာပါ။ ဆေးနည်းကအရမ်းဈေးသက်သာပါတယ်သုံးကြည့်ပါ။ ရက်ရှည်အကြိမ်များများ လိမ်းဖို့တော့လိုပါတယ်။ ကွမ်းစားတဲ့ထုံးနဲ့အုန်းဆီကိုသမအောင်ရောစပ်ပြီးလိမ်းတဲ့နေရာထုံးဖွေးနေဖို့လဲမလိုဘူးထုံးများသွားရင်လဲ ထုံးကအဖတ်လိုက်ကွာထွက်ပါတယ်။ အုန်းဆီများသွားရင်လဲ အဝတ်အစားတွေဆီပေပါတယ် ချိန်ဆပြီးရောပါအချိုးအစားအစဉ်ပြေသွားရင်
ခြောက်သွားပါတယ်။ ထုံးမကြီးသီးစေ့ ၅ စေ့စာလောက်ကို အုန်းဆီ ၆ စက်/၇ စက် လောက် ထည့်ရင် အတော်ပါဘဲ နှစ်ခုစပ်ပြီးရင် ဖြစ်တဲ့နေရာကိုအတော်ကြာပွတ်ပေးဖို့တော့လိုပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါ ထုံးမပေါက်ပါကိုယ်တွေ့ပါ စမ်းကြည့်လိုက်ပါ အဆင်ပြေလို့ ကောင်းပါတယ်ဆိုရင်နောက်လူတွေထပ်ညွန်းပေးပါအားလုံးသက်သာပျောက်ကင်းကြပါစေ။
ကိုဝင်းဆွေ ကိုကျေးဇူးတင်စွာဖြင့်
မူရင်းတင်သူ.U Zaw Oo