Zawgyi

ေရခ်ိဳးေနသည့္ မိန္းကေလးက အားသြင္းထားသည့္ ဖုန္းကို လွမ္းယူလိုက္ခ်ိန္ ေရခ်ိဳးကန္ထဲ ဖုန္းျပဳတ္က်သျဖင့္ ဓာတ္လိုက္ေသဆုံး

႐ုရွားႏိုင္ငံမွ အိုလက္စ္ယာစီမီႏိုဗာ ဆိုသူ အသက္ ၂၄ ႏွစ္အ႐ြယ္ ႐ုရွားသူ ေလးက သူရဲ႕ေနအိမ္က ေရခ်ိဳးခန္းေႂကြ ဇလုံထဲမွာ ေရစိမ္ခ်ိဳးေနရင္း အနားမွာ အားသြင္းထားတဲ့ သူရဲ႕ iPhone ကို လွမ္း ယူလိုက္ရင္း ေရဇလုံထဲ

ဖုန္းမေတာ္တဆ ျပဳတ္က်သြားခဲ့တာေၾကာင့္ ဓာတ္လိုက္ၿပီး ေသဆုံးသြားခဲ့ရရွာပါတယ္။ အာခန္ဂ်ယ္ လက္စ္ၿမိဳ႕မွ သူရဲ႕ေနအိမ္ေရခ်ိဳးခန္းထဲ ေသဆုံးေနတဲ့ အိုလက္စ္ကို သူရဲ႕အခန္း ေဖာ္သူငယ္ခ်င္း ဒါရီယာက ေတြ႕ရွိခဲ့ၿပီး

ရဲေခၚလိုက္တာျဖစ္ပါတယ္။ ေရခ်ိဳးဇလုံထဲကေန အိုလက္စ္ရဲ႕ဖုန္းကို အားသြင္း ႀကိဳးတပ္ထားလ်က္ ရွာေတြ႕ထားခဲ့ၿပီး ဓာတ္လိုက္ေသဆုံးသြားခဲ့တာလို႔ ေဆးဘက္အကူဝန္ထမ္းေတြက ဆိုပါတယ္။ ေရခ်ိဳးသန႔္စင္ခန္းေတြမွာ

လွ်ပ္စစ္ပစၥည္း ေတြနဲ႔ ဖုန္းအားသြင္းတာေတြကို သတိျပဳ ၾကဖို႔နဲ႔ ေရအသုံးျပဳတဲ့ေနရာမ်ိဳးေတြမွာ အားသြင္းႀကိဳးတပ္ထားရင္း ဖုန္းသုံးတာ၊ လွ်ပ္စစ္ပစၥည္းအသုံးျပဳတာေတြက အ

သက္အႏၲရာယ္ထိခိုက္ေစႏိုင္တာ ေၾကာင့္ သတိျပဳေရွာင္ၾကဥ္ၾကဖို႔ ႐ုရွားအေရးေပၚ ေရးရာဝန္ႀကီးဌာနက သတိေပးထုတ္ျပန္ ထားခဲ့ၿပီျဖစ္ပါတယ္။ အိုလက္စ္နဲ႔အလား တူစြာပဲ

ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းကလည္း ေမာ္စကိုၿမိဳ႕က အသက္ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကလည္း ေရခ်ိဳးရင္း အားသြင္းႀကိဳးတပ္ထားတဲ့ ဖုန္းကို ကိုင္မိ တာေၾကာင့္ ေသဆုံးခဲ့ရေသးတယ္လို႔ သိ ရပါတယ္။

Unicode

ရေချိုးနေသည့် မိန်းကလေးက အားသွင်းထားသည့် ဖုန်းကို လှမ်းယူလိုက်ချိန် ရေချိုးကန်ထဲ ဖုန်းပြုတ်ကျသဖြင့် ဓာတ်လိုက်သေဆုံး

ရုရှားနိုင်ငံမှ အိုလက်စ်ယာစီမီနိုဗာ ဆိုသူ အသက် ၂၄ နှစ်အရွယ် ရုရှားသူ လေးက သူရဲ့နေအိမ်က ရေချိုးခန်းကြွေ ဇလုံထဲမှာ ရေစိမ်ချိုးနေရင်း အနားမှာ အားသွင်းထားတဲ့ သူရဲ့ iPhone ကို လှမ်း ယူလိုက်ရင်း

ရေဇလုံထဲ ဖုန်းမတော်တဆ ပြုတ်ကျသွားခဲ့တာကြောင့် ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ရရှာပါတယ်။ အာခန်ဂျယ် လက်စ်မြို့မှ သူရဲ့နေအိမ်ရေချိုးခန်းထဲ သေဆုံးနေတဲ့ အိုလက်စ်ကို သူရဲ့အခန်း ဖော်သူငယ်ချင်း

ဒါရီယာက တွေ့ရှိခဲ့ပြီး ရဲခေါ်လိုက်တာဖြစ်ပါတယ်။ ရေချိုးဇလုံထဲကနေ အိုလက်စ်ရဲ့ဖုန်းကို အားသွင်း ကြိုးတပ်ထားလျက် ရှာတွေ့ထားခဲ့ပြီး ဓာတ်လိုက်သေဆုံးသွားခဲ့တာလို့ ဆေးဘက်အကူဝန်ထမ်းတွေက ဆိုပါတယ်။

ရေချိုးသန့်စင်ခန်းတွေမှာ လျှပ်စစ်ပစ္စည်း တွေနဲ့ ဖုန်းအားသွင်းတာတွေကို သတိပြု ကြဖို့နဲ့ ရေအသုံးပြုတဲ့နေရာမျိုးတွေမှာ အားသွင်းကြိုးတပ်ထားရင်း ဖုန်းသုံးတာ၊ လျှပ်စစ်ပစ္စည်းအသုံးပြုတာတွေက

အ သက်အန္တရာယ်ထိခိုက်စေနိုင်တာ ကြောင့် သတိပြုရှောင်ကြဉ်ကြဖို့ ရုရှားအရေးပေါ် ရေးရာဝန်ကြီးဌာနက သတိပေးထုတ်ပြန် ထားခဲ့ပြီဖြစ်ပါတယ်။ အိုလက်စ်နဲ့အလား တူစွာပဲ ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း

မော်စကိုမြို့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကလည်း ရေချိုးရင်း အားသွင်းကြိုးတပ်ထားတဲ့ ဖုန်းကို ကိုင်မိ တာကြောင့် သေဆုံးခဲ့ရသေးတယ်လို့ သိ ရပါတယ်။