Zawgyi
Credit
Unicode
မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုတင်ပြမဲ့သတင်းလေးကတော့ ထိုင်းနိုင်ငံရှိ Sathaporn Phrom Sri အမည်ရှိတဲ့ အမျိုးသမီးက လူမှုရေးဝန်ထမ်း တစ်ယောက်ဖြစ်ပြီး အသက် (၈၀) အရွယ်မှာ
Chiang Mai Rajabhat တက္ကသိုလ်ရှိ အနုပညာအစီအစဉ် တစ်ခုမှာ ကျောင်းတက်ဖို့ စာရင်းသွင်းလာခဲ့ပါတယ်။ Sathapornက အသက် (၈၄) နှစ်မှာကျောင်းပြီးခဲ့ပြီး ခုလက်ရှိအသက် (၈၈)
နှစ်မှာတော့ တရားဝင် အ သိအမှတ်ပြုဘွဲ့လက်မှတ် ရရှိသွားခဲ့ပါတယ်လို့ အဆိုပါ တက္ကသိုလ်မှ Thanaphat Nawakaew အမည်ရှိတဲ့ ဆကျာင်းသူတစ်ယောက်က Facebook မှာ ပြောပြလာခဲ့ပါတယ်။
Sathaporn က စနေ တနင်္ဂနွေနေ့အတန်းဘဲ တက်ရောက်ခဲ့ပြီး တစ် ခါတစ်ရံ ဖျားနာခဲ့ဖူးပေမဲ့လည်း သူမက ဘယ် lecture အတန်းကိုမှ အလွတ်မခံစေခဲ့ပါဘူး။ Sathapornက A’s ဘာသာရပ်
နှစ်ခုဖြစ်တဲ့ ဂီတဗေဒ နှင့် အခြေခံ စီးပွား ရေးလုပ်ငန်းများပါဝင်တဲ့ ဘာ သာရပ်မှာ (၂.၂၄) တန်းပျမ်းမျှအမှတ် (GPA) ရရှိလာခဲ့ပါတယ်။Sathapornက အဖွဲ့ထဲမှာ အသက်အ ကြီးဆုံး ကျောင်းသူဖြစ်ပြီး
အသက်အငယ်ဆုံး အ တန်းဖော်က သူမထက် အနည်းဆုံး အနှစ် (၄၀) ငယ်တယ် လို့ MGR Online သတင်းက ဖော်ပြလာခဲ့ပါတယ်။ ဘယ် လိုတွေဖြစ်နေပါစေ ဘွဲ့ရသွားတဲ့ Sathaporn က
သူ့ကိုယ် သူဂုဏ်ယူပြီး ဝမ်းမြောက်ကာ ဇွဲသတ္တိတွေ ရှိနေခဲ့ပါတယ်။ မင်းရဲ့အသက်က လုပ်သား အင်အား အသက်အရွယ်ရဲ့ စံချိန်ထက် ကျော်နေပေမဲ့ အသိပညာနဲ့ အ တွေ့အကြုံတွေကတော့
မင်းအတွက်အကန့် အသတ်မရှိပါဘူးလို့လည်း Sathapornဟာ Smart Smart Thailand သတင်းကို ဖြေကြားလာခဲ့ပါတယ်။ ပညာသင်ယူ လေ့လာနေစဉ် အတွင်း ကျောင်းသားများ နှင့်
ဆရာဝန်များက သူမအား စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်လာခဲ့ကြပါသေးတယ်။ တစ်ကယ်လည်း Sathaporn ရဲ့အောင်မြင်မှုကို ဂုဏ်ယူမိသလို ပ ညာသည် အိုသည်မရှိဆိုတဲ့အတိုင်း
သူမရဲ့စိတ်ဓာတ်ကိုလည်း လေး စားနေမိပါတယ်။ ပရိတ်သတ်ကြီးအားလုံးရော သူမရဲ့ သတ္တိကိုတော့ လေးစားမိမယ်လို့ ထင်ပါတယ်။ ဖက်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
Credit