အို မင္း မ စြမ္း ျဖစ္ ေန တဲ့ ဖ ခင္ အို ႀကီး ကို သားျဖစ္သူက နာမည္ႀကီး စား ေသာက္ ဆိုင္ တစ္ ခု ကို ေခၚသြားလိုက္တဲ့အခါ

Zawgyi

အိုမင္းမစြမ္း ျဖစ္ေနတဲ့ အေဖကို သားျဖစ္သူက စားေသာက္ဆိုင္တစ္ခုကို ေခၚသြားတယ္။အေဖျဖစ္သူဟာ အိုမင္းမစြမ္း ျဖစ္ေနတာေၾကာင့္စားေသာက္တဲ့အခါအစားအစာေတြဟာေဘးကိုဖိတ္စင္ကုန္တယ္။

အေဖရဲ႕ေဘာင္းဘီနဲ႔အက်ႌေတြေပၚမွာလဲေပက်ံလို႔ေနခဲ့ပါတယ္။တျခားဝိုင္းက လူေတြဟာအေဖျဖစ္သူကို႐ြံရွာတဲ့အျမင္နဲ႔ၾကည့္လို႔ေနေပမယ့္ သားျဖစ္သူကေတာ့ ေအးေအးေဆးေဆးပါပဲ။

အေဖစားလို႔ေသာက္လို႔အၿပီးမွာေတာ့ သူ႔အေဖခုလိုျဖစ္ေနတာကိုလုံးဝမရွက္မိတဲ့ သားဟာထိုင္ခုံကထလို႔အေဖ့ကို တြဲကာသန႔္စင္ခန္းေခၚသြားပါတယ္။သန႔္စင္ခန္းထဲမွာေပက်ံေနတာေတြကို ေသခ်ာသုတ္တယ္။

အက်ႌကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပန္ တည့္ေပးတယ္။ ဆံပင္ကိုညီေနေအာင္ေသခ်ာဂ႐ုစိုက္ လို႔ ၿဖီးေပးတယ္။ မ်က္မွန္ကိုသုတ္ၿပီးတည့္တည့္ျဖစ္ေအာင္ ျပန္တပ္ေပးတယ္။သူတို႔

၂ ေယာက္သန႔္စင္ခန္းထဲကျပန္ ထြက္လာတဲ့အခါမွာေတာ့စားေသာက္ဆိုင္တစ္ခုလုံးကလူေတြဟာေျပာမျပတတ္ေအာင္သူတို႔ကိုယ္သူတို႔အႀကီးအက်ယ္ရွက္မိလို႔ ၿငိမ္သက္ေနခဲ့တယ္။

သားျဖစ္သူဟာက်သင့္ေငြကိုရွင္းၿပီး ျပန္ဖို႔အတြက္သူ႔အေဖကို လွမ္းတြဲလိုက္တဲ့အခ်ိန္မွာေဘးဝိုင္းကအဘိုးအိုတစ္ေယာက္ဟာသားျဖစ္သူကိုလွမ္းေအာ္ေျပာလိုက္ပါတယ္။

“သားေရ… တစ္ခုခုမ်ားက်န္ခဲ့တယ္လို႔ မထင္ဘူးလားကြယ့္။”“မက်န္ခဲ့ပါဘူးခင္ဗ်။” လို႔ သားျဖစ္သူလူငယ္က ေျဖတယ္။အဘိုးအိုက “က်န္ခဲ့တာေပါ့ကြယ္။ဒီစားေသာက္ဆိုင္ထဲမွာရွိေနတဲ့

သားတိုင္းအတြက္သင္ခန္းစာက်န္ခဲ့သလို အေဖတိုင္းအတြက္ေမွ်ာ္လင့္ခ်က္ေတြ တပုံႀကီးကိုက်န္ခဲ့ပါတယ္ကြယ္။”စားေသာက္ဆိုင္တစ္ခုလုံးဟာေစာေစာကထက္ကိုပိုၿငိမ္သက္သြားခဲ့တယ္။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit-Original Post

Unicode

အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ်။အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့်စားသောက်တဲ့အခါအစားအစာတွေဟာဘေးကိုဖိတ်စင်ကုန်တယ်။

အဖေရဲ့ဘောင်းဘီနဲ့အင်္ကျီတွေပေါ်မှာလဲပေကျံလို့နေခဲ့ပါတယ်။တခြားဝိုင်းက လူတွေဟာအဖေဖြစ်သူကိုရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ။

အဖေစားလို့သောက်လို့အပြီးမှာတော့ သူ့အဖေခုလိုဖြစ်နေတာကိုလုံးဝမရှက်မိတဲ့ သားဟာထိုင်ခုံကထလို့အဖေ့ကို တွဲကာသန့်စင်ခန်းခေါ်သွားပါတယ်။သန့်စင်ခန်းထဲမှာပေကျံနေတာတွေကို သေချာသုတ်တယ်။

အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန် တည့်ပေးတယ်။ ဆံပင်ကိုညီနေအောင်သေချာဂရုစိုက် လို့ ဖြီးပေးတယ်။ မျက်မှန်ကိုသုတ်ပြီးတည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်။

သူတို့ ၂ ယောက်သန့်စင်ခန်းထဲကပြန် ထွက်လာတဲ့အခါမှာတော့စားသောက်ဆိုင်တစ်ခုလုံးကလူတွေဟာပြောမပြတတ်အောင်သူတို့ကိုယ်သူတို့အကြီးအကျယ်ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်။

သားဖြစ်သူဟာကျသင့်ငွေကိုရှင်းပြီး ပြန်ဖို့အတွက်သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာဘေးဝိုင်းကအဘိုးအိုတစ်ယောက်ဟာသားဖြစ်သူကိုလှမ်းအော်ပြောလိုက်ပါတယ်။

“သားရေ… တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့်။”“မကျန်ခဲ့ပါဘူးခင်ဗျ။” လို့ သားဖြစ်သူလူငယ်က ဖြေတယ်။အဘိုးအိုက “ကျန်ခဲ့တာပေါ့ကွယ်။ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့

သားတိုင်းအတွက်သင်ခန်းစာကျန်ခဲ့သလို အဖေတိုင်းအတွက်မျှော်လင့်ချက်တွေ တပုံကြီးကိုကျန်ခဲ့ပါတယ်ကွယ်။”စားသောက်ဆိုင်တစ်ခုလုံးဟာစောစောကထက်ကိုပိုငြိမ်သက်သွားခဲ့တယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit-Original Post