လူစကားပြောတတ်တဲ့ ဂေါ်ရီလာလေး “Koko” အကြောင်း

Zawgyi

လူစကားေျပာတတ္တဲ့ ေဂၚရီလာေလး “Koko” အေၾကာင္း

အခ်ိဳ႕ေသာ တိရိစာၦန္မ်ားဟာ လူေတြနဲ႔တန္းတူ ေပါင္းသင္းဆက္ဆံႏိုင္ၾကပါတယ္။ သူတို႔ဟာ တျခားတိရစာၦန္ေတြထက္ လူကို ပိုနားလည္တယ္။ အဲ့လိုမ်ိဳး တိရစာၦန္ေလးေတြထဲက အေက်ာ္ၾကားဆုံး တိရစာၦန္ေလးကေတာ့ လက္ဟန္ျပ ဘာသာစကားကို နားလည္တဲ့ အေနာက္ကုန္းေျမနိမ့္ ေဂၚရီလာေလး Koko ပဲ ျဖစ္ပါတယ္။ Koko ကို ၁၉၇၁ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္ေန႔တြင္ ဆန္ဖရန္စစၥကို တိရစာၦန္႐ုံမွာ ေမြးဖြားခဲ့ပါတယ္။ အဆိုပါ တိရစာၦန္႐ုံက “မီးရႉးမီးပန္းကေလး” လို႔ အဓိပၸာယ္ရတဲ့ ဂ်ပန္ဘာသာျဖင့္ Koko ရဲ႕ နာမည္ကို Hanabiko လို႔ ေခၚတြင္ေစခဲ့ပါတယ္။ Koko က ေဂၚရီလာ အမ ေလးပါ။

သူမကို ထိန္းသိမ္းခဲ့သူေတြကေတာ့ သူမကို “Koko”လို႔သာ အတိုခ်ဳံးေခၚၾကပါတယ္။ Koko ဟာ Francine Penny Patterson လို႔ အမည္ရတဲ့ စိတ္ပညာရွင္တစ္ဦးထံမွာ တစ္ႏွစ္ျပည့္ ေမြးေန႔ကစၿပီး အေမရိကန္ လက္သေကၤတျပ ဘာသာစကားကို စတင္သင္ၾကားခဲ့ပါတယ္။ Patterson ရဲ႕ အကူအညီျဖင့္ Koko ဟာ စကားလုံး ၂,၀၀၀ ေက်ာ္ကို သင္ယူႏိုင္ခဲ့ပါတယ္။ Koko ဟာ အလြန္ေဖာ္ေ႐ြၿပီး လူသားေတြနဲ႔ စကားေျပာဆိုရတာကို ႏွစ္သက္သူပါ။ သူမကို ေတြ႕ဖူးသူတိုင္းကလည္း ဉာဏ္ေကာင္းတယ္လို႔ ေျပာၾကပါတယ္။

Koko ရဲ႕ ထူးျခားခ်က္မွာ ခြဲျခားသိျမင္ႏိုင္တဲ့ အသိတရားကို ပိုင္ဆိုင္ထားျခင္းပါပဲ။ Koko ဟာ သူမရဲ႕ လိုအပ္ခ်က္မ်ားကို ေျပာျပတတ္႐ုံသာမကဘဲ ဟာသမ်ားကိုလည္း ေျပာႏိုင္သလို ေလ့က်င့္ေပးသူမ်ားကိုလည္း လွည့္စားမႈမ်ား ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ Kokoက သူမ မႀကိဳက္တဲ့ လူေတြကို “နတ္ဆိုး”နဲ႔ “ညစ္ပတ္တဲ့အိမ္သာ” ဆိုတဲ့ စကားလုံးေတြနဲ႔ေတာင္ ေစာ္ကားခဲ့ပါေသးတယ္။ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ပဲ Koko က သူေတြ႕တဲ့ လူအမ်ားစုကို သေဘာက်ပါတယ္။

Koko ဟာ ကမာၻလုံးဆိုင္ရာ ေက်ာ္ၾကားမႈကို ရရွိဖို႔အတြက္ အခ်ိန္သိပ္မၾကာလိုက္ပါဘူး။ သူမဟာ အႏုပညာရွင္ မ်ားစြာႏွင့္ပင္ သူငယ္ခ်င္းျဖစ္ခဲ့သလို သူမ ၾကည့္ေနတဲ့ တီဗီရႈိးရဲ႕ စီစဥ္တင္ဆက္သူ မစၥတာ ေရာ္ဂ်ာႏွင့္လည္း ၁၉၉၈ ခုႏွစ္တြင္ ေတြ႕ဆုံခဲ့ပါတယ္။ Koko နဲ႔ မစၥတာ ေရာ္ဂ်ာတို႔ဟာ သဟဇာတျဖစ္သလို အရမ္းလိုက္ဖက္တဲ့ ေဘာ္ဒါေတြျဖစ္ခဲ့ၾကသလို သူမသည္ “Koko-love” ကိုပင္ လက္မွတ္ေရးထိုးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Koko က လူေတြကို စေနာက္ရာေတြ ကလိထိုးၿပီး စေနာက္ရတာ ႀကိဳက္သူျဖစ္တယ္လို႔လည္း သိရပါတယ္။

Koko က ကင္မရာေတြကိုလည္း ကြၽမ္းက်င္စြာ အသုံးျပဳႏိုင္ပါတယ္။ အလွဓာတ္ပုံ ႐ိုက္ကူးရတာကိုလည္း ႀကိဳက္ႏွစ္သက္သူ ျဖစ္သလို ကမာၻေက်ာ္ National Geographic ကလည္း Koko ရဲ႕ အလွ ဓာတ္ပုံမ်ားထဲမွ တစ္ခုကို ၁၉၇၈ ခုႏွစ္မွာ သူတို႔ရဲ႕ cover အလွပုံအျဖစ္ အသုံးျပဳခဲ့ပါေသးတယ္။ ေဂၚရီလာဆိုၿပီး အထင္ေတာ့ မေသးလိုက္ေလနဲ႔။ Mirror Selfie ကိုေတာင္ သူ႔ကိုယ္သူ ႐ိုက္ႏိုင္တဲ့ ေဂၚရီလာေလး Koko ပါ။ Koko ဟာ ၁၉၈၅ ခုႏွစ္မွာလည္း National Geographic ရဲ႕ မ်က္ႏွာဖုံးမွာ ျပန္လည္ပါဝင္ခဲ့ၿပီး ထိုပုံမွာေတာ့ “All Ball” လို႔ ေခၚတဲ့ သူမရဲ႕ ေၾကာင္ကေလးကို ကိုင္ေဆာင္ထားခဲ့ပါတယ္။

Koko ရဲ႕ All Ball အတြက္ ခ်စ္ျခင္းေမတၱာဟာ တစ္ကမာၻလုံးက ပရိသတ္ေတြကို ရင္ထဲ ထိမိေစခဲ့ၿပီး သူမဟာလည္း ေၾကာင္ခ်စ္သူေလးအျဖစ္ လူသိမ်ားလာခဲ့ပါေတာ့တယ္။ Koko ဟာ လူသားေတြလိုပဲ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးျမဴတတ္ၿပီး သူ႔ဘဝ တစ္ေလွ်ာက္လုံးမွာ ေၾကာင္ ၃ ေကာင္ကို ေမြးျမဴခဲ့ဖူးပါတယ္။ Koko ဟာ သူမရဲ႕ ဘဝ အခ်ိန္ အမ်ားစုကို လူသားမ်ားနဲ႔ ျဖတ္သန္းခဲ့ေသာ္လည္း သူမမွာ တိရစာၦန္သူငယ္ခ်င္းမ်ားစြာ ပိုင္ဆိုင္ထားပါတယ္။

ေၾကာင္မ်ားအျပင္ သူမမွာ Michael လို႔ အမည္ရတဲ့ ေဂၚရီလာ သူငယ္ခ်င္း တစ္ေယာက္လည္း ရွိေသးပါတယ္။ Michael ဟာလည္း Kokoနဲ႔ေဒါက္တာ Patterson တို႔ထံမွ လက္ဟန္ျပဘာသာစကားကို သင္ယူခဲ့ၿပီး Koko နဲ႔ အတူတကြ ေနထိုင္ခဲ့ၾကတဲ့ အခင္ဆုံး သူငယ္ခ်င္းေတြ ျဖစ္ၾကပါတယ္။ Koko ဟာ ေဂၚရီလာ Ndume နဲ႔ Snowflake တို႔နဲ႔လည္း သူငယ္ခ်င္းေတြျဖစ္ခဲ့ပါတယ္။ Koko ဟာလည္း ေဂၚရီလာ ျဖစ္ရျခင္းအတြက္ ဂုဏ္ယူခဲ့ပုံေပၚၿပီး သူ႔ကိုယ္သူ ေဖာ္ျပရန္ ေတာင္းဆိုၾကေသာအခါ သူမဟာ “ေကာင္းေသာ တိရစာၦန္ေဂၚရီလာ” ျဖစ္တယ္လို႔ လက္ဟန္ျပ ဘာသာစကားနဲ႔ ဆိုခဲ့ပါတယ္။

Koko က တိရိစာၦန္ေတြရဲ႕ ဦးေႏွာက္အ အလုပ္လုပ္ပုံ အေၾကာင္းကို လူသားေတြကို အမ်ားႀကီး သင္ေပးႏိုင္ခဲ့သူပါ။ သူ႔ေၾကာင့္ အျခားတိရစာၦန္မ်ားကလည္း ကြၽႏ္ုပ္တို႔ကို နားလည္ႏိုင္မယ္လို႔ ယခုအခါမွာ သတၱေဗဒ ပညာရွင္မ်ားက ယူဆၾကေနၾကပါၿပီ ဘယ္တိရစာၦန္နဲ႔ စကားေျပာခ်င္ဆုံးလဲ။ Koko လိုမ်ိဳး အျခားတိရစာၦန္ေတြမွာလည္း လူသားေတြနဲ႔ တိရစာၦန္ေတြၾကားမွာ ဆက္သြယ္ ေျပာဆိုႏိုင္တဲ့ ဘာသာစကားတစ္ခု ရွိေကာင္းရွိေနႏိုင္ပါတယ္။

Credit to Knight News Team

Unicode

လူစကားပြောတတ်တဲ့ ဂေါ်ရီလာလေး “Koko” အကြောင်း

အချို့သော တိရိစ္ဆာန်များဟာ လူတွေနဲ့တန်းတူ ပေါင်းသင်းဆက်ဆံနိုင်ကြပါတယ်။ သူတို့ဟာ တခြားတိရစ္ဆာန်တွေထက် လူကို ပိုနားလည်တယ်။ အဲ့လိုမျိုး တိရစ္ဆာန်လေးတွေထဲက အကျော်ကြားဆုံး တိရစ္ဆာန်လေးကတော့ လက်ဟန်ပြ ဘာသာစကားကို နားလည်တဲ့ အနောက်ကုန်းမြေနိမ့် ဂေါ်ရီလာလေး Koko ပဲ ဖြစ်ပါတယ်။ Koko ကို ၁၉၇၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ဆန်ဖရန်စစ္စကို တိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့ပါတယ်။ အဆိုပါ တိရစ္ဆာန်ရုံက “မီးရှူးမီးပန်းကလေး” လို့ အဓိပ္ပာယ်ရတဲ့ ဂျပန်ဘာသာဖြင့် Koko ရဲ့ နာမည်ကို Hanabiko လို့ ခေါ်တွင်စေခဲ့ပါတယ်။ Koko က ဂေါ်ရီလာ အမ လေးပါ။

သူမကို ထိန်းသိမ်းခဲ့သူတွေကတော့ သူမကို “Koko”လို့သာ အတိုချုံးခေါ်ကြပါတယ်။ Koko ဟာ Francine Penny Patterson လို့ အမည်ရတဲ့ စိတ်ပညာရှင်တစ်ဦးထံမှာ တစ်နှစ်ပြည့် မွေးနေ့ကစပြီး အမေရိကန် လက်သင်္ကေတပြ ဘာသာစကားကို စတင်သင်ကြားခဲ့ပါတယ်။ Patterson ရဲ့ အကူအညီဖြင့် Koko ဟာ စကားလုံး ၂,၀၀၀ ကျော်ကို သင်ယူနိုင်ခဲ့ပါတယ်။ Koko ဟာ အလွန်ဖော်ရွေပြီး လူသားတွေနဲ့ စကားပြောဆိုရတာကို နှစ်သက်သူပါ။ သူမကို တွေ့ဖူးသူတိုင်းကလည်း ဉာဏ်ကောင်းတယ်လို့ ပြောကြပါတယ်။

Koko ရဲ့ ထူးခြားချက်မှာ ခွဲခြားသိမြင်နိုင်တဲ့ အသိတရားကို ပိုင်ဆိုင်ထားခြင်းပါပဲ။ Koko ဟာ သူမရဲ့ လိုအပ်ချက်များကို ပြောပြတတ်ရုံသာမကဘဲ ဟာသများကိုလည်း ပြောနိုင်သလို လေ့ကျင့်ပေးသူများကိုလည်း လှည့်စားမှုများ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Kokoက သူမ မကြိုက်တဲ့ လူတွေကို “နတ်ဆိုး”နဲ့ “ညစ်ပတ်တဲ့အိမ်သာ” ဆိုတဲ့ စကားလုံးတွေနဲ့တောင် စော်ကားခဲ့ပါသေးတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ Koko က သူတွေ့တဲ့ လူအများစုကို သဘောကျပါတယ်။

Koko ဟာ ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားမှုကို ရရှိဖို့အတွက် အချိန်သိပ်မကြာလိုက်ပါဘူး။ သူမဟာ အနုပညာရှင် များစွာနှင့်ပင် သူငယ်ချင်းဖြစ်ခဲ့သလို သူမ ကြည့်နေတဲ့ တီဗီရှိုးရဲ့ စီစဥ်တင်ဆက်သူ မစ္စတာ ရော်ဂျာနှင့်လည်း ၁၉၉၈ ခုနှစ်တွင် တွေ့ဆုံခဲ့ပါတယ်။ Koko နဲ့ မစ္စတာ ရော်ဂျာတို့ဟာ သဟဇာတဖြစ်သလို အရမ်းလိုက်ဖက်တဲ့ ဘော်ဒါတွေဖြစ်ခဲ့ကြသလို သူမသည် “Koko-love” ကိုပင် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Koko က လူတွေကို စနောက်ရာတွေ ကလိထိုးပြီး စနောက်ရတာ ကြိုက်သူဖြစ်တယ်လို့လည်း သိရပါတယ်။

Koko က ကင်မရာတွေကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါတယ်။ အလှဓာတ်ပုံ ရိုက်ကူးရတာကိုလည်း ကြိုက်နှစ်သက်သူ ဖြစ်သလို ကမ္ဘာကျော် National Geographic ကလည်း Koko ရဲ့ အလှ ဓာတ်ပုံများထဲမှ တစ်ခုကို ၁၉၇၈ ခုနှစ်မှာ သူတို့ရဲ့ cover အလှပုံအဖြစ် အသုံးပြုခဲ့ပါသေးတယ်။ ဂေါ်ရီလာဆိုပြီး အထင်တော့ မသေးလိုက်လေနဲ့။ Mirror Selfie ကိုတောင် သူ့ကိုယ်သူ ရိုက်နိုင်တဲ့ ဂေါ်ရီလာလေး Koko ပါ။ Koko ဟာ ၁၉၈၅ ခုနှစ်မှာလည်း National Geographic ရဲ့ မျက်နှာဖုံးမှာ ပြန်လည်ပါဝင်ခဲ့ပြီး ထိုပုံမှာတော့ “All Ball” လို့ ခေါ်တဲ့ သူမရဲ့ ကြောင်ကလေးကို ကိုင်ဆောင်ထားခဲ့ပါတယ်။

Koko ရဲ့ All Ball အတွက် ချစ်ခြင်းမေတ္တာဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ရင်ထဲ ထိမိစေခဲ့ပြီး သူမဟာလည်း ကြောင်ချစ်သူလေးအဖြစ် လူသိများလာခဲ့ပါတော့တယ်။ Koko ဟာ လူသားတွေလိုပဲ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူတတ်ပြီး သူ့ဘဝ တစ်လျှောက်လုံးမှာ ကြောင် ၃ ကောင်ကို မွေးမြူခဲ့ဖူးပါတယ်။ Koko ဟာ သူမရဲ့ ဘဝ အချိန် အများစုကို လူသားများနဲ့ ဖြတ်သန်းခဲ့သော်လည်း သူမမှာ တိရစ္ဆာန်သူငယ်ချင်းများစွာ ပိုင်ဆိုင်ထားပါတယ်။

ကြောင်များအပြင် သူမမှာ Michael လို့ အမည်ရတဲ့ ဂေါ်ရီလာ သူငယ်ချင်း တစ်ယောက်လည်း ရှိသေးပါတယ်။ Michael ဟာလည်း Kokoနဲ့ဒေါက်တာ Patterson တို့ထံမှ လက်ဟန်ပြဘာသာစကားကို သင်ယူခဲ့ပြီး Koko နဲ့ အတူတကွ နေထိုင်ခဲ့ကြတဲ့ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ Koko ဟာ ဂေါ်ရီလာ Ndume နဲ့ Snowflake တို့နဲ့လည်း သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ Koko ဟာလည်း ဂေါ်ရီလာ ဖြစ်ရခြင်းအတွက် ဂုဏ်ယူခဲ့ပုံပေါ်ပြီး သူ့ကိုယ်သူ ဖော်ပြရန် တောင်းဆိုကြသောအခါ သူမဟာ “ကောင်းသော တိရစ္ဆာန်ဂေါ်ရီလာ” ဖြစ်တယ်လို့ လက်ဟန်ပြ ဘာသာစကားနဲ့ ဆိုခဲ့ပါတယ်။

Koko က တိရိစ္ဆာန်တွေရဲ့ ဦးနှောက်အ အလုပ်လုပ်ပုံ အကြောင်းကို လူသားတွေကို အများကြီး သင်ပေးနိုင်ခဲ့သူပါ။ သူ့ကြောင့် အခြားတိရစ္ဆာန်များကလည်း ကျွန်ုပ်တို့ကို နားလည်နိုင်မယ်လို့ ယခုအခါမှာ သတ္တဗေဒ ပညာရှင်များက ယူဆကြနေကြပါပြီ ဘယ်တိရစ္ဆာန်နဲ့ စကားပြောချင်ဆုံးလဲ။ Koko လိုမျိုး အခြားတိရစ္ဆာန်တွေမှာလည်း လူသားတွေနဲ့ တိရစ္ဆာန်တွေကြားမှာ ဆက်သွယ် ပြောဆိုနိုင်တဲ့ ဘာသာစကားတစ်ခု ရှိကောင်းရှိနေနိုင်ပါတယ်။

Credit to Knight News Team

Be the first to comment

Leave a Reply

Your email address will not be published.


*